25 C
Yangon

ပခုက္ကူမြို့တွင် တော်လှန်လူထု ဖျော်ဖြေမှုနှင့် နိုင်ငံရေးဟောပြောပွဲ ပြုလုပ်

Must read

ပခုက္ကူမြို့တွင် တော်လှန်လူထု ဖျော်ဖြေမှုနှင့် နိုင်ငံရေးဟောပြောပွဲ ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပခုက္ကူမြို့နယ်အတွင်းကျေးရွာတစ်ခု၌ ပခုက္ကူလူထုတိုက်ပွဲကော်မတီ(PPRC)နှင့် ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းကာ တော်လှန်လူထု အသိပညာပေး၊ဖျော်ဖြေမှု (Revotainment) အဖြစ် The Way (Musical Film)၊ သစ္စာ၊ မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်၊ရှိခဲ့သည်။ နှင့် အခြားတော်လှန်ရေးရုပ်ရှင်များပြသကာ လူထုလှုံ့ဆော်ဖျော်ဖြေမှုနှင့်ဟောပြောပွဲအစီအစဉ်ပြုလုပ်ခဲ့ကြသည်။

တော်လှန်လူထုဟောပြောမှုတွင် လက်ရှိတော်လှန်ရေးရေချိန်၊တော်လှန်ရေးလှုံ့ဆော်မှုအကြောင်းအရာများ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ဆွေးနွေဟောပြောမှုများနှင့် တော်လှန်ရေးကိုပြည်သူများမဆုပ်မနစ်ဆက်လက်ပါဝင်ပေးကြရေးတို့ကို ပခုက္ကူလူထုတိုက်ပွဲကော်မတီဦးဆောင်သူနှင့် ပခုက္ကူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ မှဟောပြောဆွေးနွေးခဲ့ကြပြီး ဒေသခံလုံခြုံရေးများက လုံခြုံရေးယူဆောင်ရွက်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article