25 C
Yangon

မောင်တောမြို့နယ်၊ တောင်ပြို ဗျူဟာကုန်း ၂ ခုကို AA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃၀ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေ

Must read

မောင်တောမြို့နယ်၊ တောင်ပြို ဗျူဟာကုန်း ၂ ခုကို AA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃၀ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ တောင်ပြို (လက်ဝဲ) ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်လိုက်​ကြောင်း ခိုင်လုံသည့် ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြောင်း ဒေသမီဒီယာများက သတင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တောင်ပြို လက်ဝဲဗျူဟာ တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ချို့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း အမည်မဖော်လိုသည့် မောင်တော ဒေသခံတစ်ဦးက ပြောဆိုသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ” ဒီနေ့မှာတော့ တောင်ပြို လက်ဝဲဗျူဟာကို AA က ထပ်မံပြီးတော့ သိမ်းပိုက်လိုက်ပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်က ဖြစ်ပါမယ်။ အဲ့ဒီမှာ တော်တော်များများ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။ တော်တော်များများ ဘင်္ဂလားဒေ့ရှ် အခြမ်းဘက်ကို ပြေးကြပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့က တောင်ပြို (လက်ယာ) စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ထွက်ပြေးကြတာရှိပါတယ်”ဟုပြောသည်။

အကြမ်းဖက် စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်စခန်းများဖြစ်သော ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို လက်ဝဲ-လက်ယာစခန်း နှစ်ခုကို ရက္ခိုင့်တပ်တော်က အင်အား အများအပြားဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တောင်ပြို လက်ဝဲဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်ချိန်တွင် စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၃၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံထွက်ပြေးသွားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက မီဒီယာများ၏ဖော်ပြချက်အရ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တောင်ပြိုလက်ဝဲ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစု ၂၂၉ ဦး ထပ်မံထွက်ပြေး ဝင်ရောက်လာကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ ၆၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြပြီး ယခု အရေအတွက်သည် လက်ရှိတွင် ပိုများနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်။

အဆိုပါ မောင်တောမြို့ရှိ တောင်ပြို လက်ဝဲ-လက်ယာစခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တောင်ပြို (လက်ယာ) စခန်းအား ယမန့်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကာ ကျန်ရှိနေသည့် တောင်ပြို လက်ဝဲကုန်းကို AA က ထပ်မံ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ သတိပေး ထုတ်ပြန်ချက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article