32 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By  ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ပဲခူး၊ ထန်းတပင်၊ ဇရပ်ကြီးမြို့က စစ်ကောင်စီ တပ်စခန်း ၆ ခုထက် မနည်းကို KNLABPLAPDF ပူးပေါင်းတပ်တွေကနေ ဒီကနေ့မနက်ပိုင်းမှာပဲ တပြိုင်နက်တည်းဝင်တိုက်နေပြီး ၊ ဇရပ်ကြီး ရဲစခန်း၊ ချောင်းချား စခန်းနဲ့ ခလရ ၇၃ တပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

-ရခိုင်ပြည်နယ်၊ မင်းပြားမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၃၇၉ နဲ့ ခမရ ၅၄၁ တပ်ရင်း ၂  ရင်း အပြင်  မောင်တောမြို့က ကျန်နေသေးတဲ့ တောင်ပြို(လက်ဝဲ) တပ်စစခန်းကို ရခိုင့်တပ်တော် AA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ က  ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖြစ်တဲ့ မနေ့က ညပိုင်းမှာပဲ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

-စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာက အရပ်သား ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီး လည်လှီးသတ်ဖြတ်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article