25 C
Yangon

ဇရပ်ကြီးတွင် မြို့စိုး စစ်ကောင်းမြစ်ကူးတံတား ကျိုးကျနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ တော်လှန်ရေးတပ်များက ဇရပ်ကြီးမြို့ အပါအဝင် နေရာအများစုကို ထိန်းချုပ်ထား

Must read

ဇရပ်ကြီးတွင် မြို့စိုး စစ်ကောင်းမြစ်ကူးတံတား ကျိုးကျနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ တော်လှန်ရေးတပ်များက ဇရပ်ကြီးမြို့ အပါအဝင် နေရာအများစုကို ထိန်းချုပ်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက် တိုက်ခိုက်ပြီးနောက် မြို့စိုး စစ်ကောင်းမြစ်ကူးတံတားကျိုးကျသွားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှ နံနက် ၃ နာရီမှစတင်၍ အကြမ်းဖက် စစ်ကောင်စီ စစ်တပ်စခန်း နှင့် ရဲစခန်း ၆ခု၊ ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ်ရင်းတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီ၏ ခလရ ၇၃ တပ်ရင်း၊ ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်း အပါအဝင် စစ်ကောင်စီတပ်များကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇရပ်ကြီးရဲစခန်း၊ အမှတ် ၇၃ ခြေလျင်တပ်ရင်းနှင့်မြို့စိုးချောင်းစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“မြို့ထဲမှာက တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်နေပြီ။ သို့ပေမယ့် စစ်ကောင်စီက လေယာဉ်တွေနဲ့ပစ်နေတော့ မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်။ ပြီးတော့ သေဆုံးတာတွေလည်းရှိတယ်။ ဒါကြောင့်မို့ မြို့ကို စနစ်တကျနဲ့ ရှင်းလင်းရေး လုပ်နေတယ်။ အခြေအနေတစ်ခုကိုတော့ ထိန်းထားနို်ငပါပြီ။ နေရာတော်တော်များများကို ထိန်းချုပ်ထားနိုင်ပါပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော ကျိုးကျသွားသော စစ်တောင်းမြစ်ကူးတံတား (မြို့စိုးတံတား) သည် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီး-တောင်ငူမြို့နယ်သို့ ဆက်သွယ်ထားသော တံတားဖြစ်ပြီး ယင်းတံတားကျိုးကျသွားသဖြင့် လမ်းပန်းဆက်သွယ်ရေးများ ယာယီ ရပ်ဆိုင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဇရပ်ကြီးမြို့ထဲတွင် ရောက်ရှိနေသော BPLA တပ်သား ၂ ဦး။

Photo-မောင်ဆောင်းခ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဇရပ်ကြီးမြို့ထဲတွင် ရောက်ရှိနေသော BPLA တပ်သား ၂ ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article