30 C
Yangon

အမှတ် ၃၁ ရဲတပ်ရင်း မှလွဲ၍ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်ရင်းစခန်းများ အားလုံးကို သိမ်းပိုက်ရရှိဟု AA ကကြေညာ

Must read

အမှတ် ၃၁ ရဲတပ်ရင်း မှလွဲ၍ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်ရင်းစခန်းများ အားလုံးကို သိမ်းပိုက်ရရှိဟု AA ကကြေညာ

ရန်ကုန်| ဖေဖော်ဝါရီ ၈

ရက္ခိုင့်တပ်တော် AA က တစ်လကျော်ကြာထိုးစစ်အတွင်း မြောက်ဦး၊ ရဲတပ်ရင်း (၃၁)မှ လွဲ၍ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ စစ်ကောင်စီတပ်ရင်းများ အားလုံး သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့တိုတွင် မြောက်ဦးမြို့ရှိ စစ်ကောင်စီ တပ်ရင်း (၃) ရင်းစလုံးနှင့် မင်းပြားရှိ စစ်ကောင်စီတပ်ရင်း တပ်ရင်းသုံးတို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ဖြစ်သည်။

“ရက္ခိုင့်တပ်တော်အနေဖြင့် တစ်လကျော်ကြာထိုးစစ်အပြီးတွင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို (၃) မြိုရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးထဲမှ မြောက်ဦး၊ ရဲတပ်ရင်း (၃၁) မှလွဲ၍ စခန်းအားလုံးကို ယနေ့၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် သိမ်းပိုက်ရယူထားပြီးဖြစ်သည် ” ဟုရေးသားထားသည်။

၁၀၂၇ စစ်ဆင်ရေး ၁၀၄ ရက်မြောက်နေ့တွင် ရခိုင်ဒေသအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရမ်းဗြဲ၊ အမ်းတို့တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ရင်းများ ဖြစ်ကြသည့် မင်းပြားမြို့အခြေစိုက် ခမရ ၃၇၉နှင့် ခမရ ၅၄၁၊ ခမရ ၃၈၀ တပ်ရင်းတို့အား ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကြေညာထားသည်။

Western News-WN

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article