24.9 C
Yangon

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသည့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ဖြင့် သင်္ဘောဖြင့် ပြန်ပို့ရန် စစ်ကောင်စီ ပြောဆိုမှု ဘင်္ဂလားဒေ့ရှ်ပယ်ချ ၊ လေယာဉ်ဖြင့်သာ လာခေါ်ရန် အကြောင်းပြန်

Must read

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသည့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ဖြင့် သင်္ဘောဖြင့် ပြန်ပို့ရန် စစ်ကောင်စီ ပြောဆိုမှု ဘင်္ဂလားဒေ့ရှ်ပယ်ချ ၊ လေယာဉ်ဖြင့်သာ လာခေါ်ရန် အကြောင်းပြန်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈

ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ပွဲတွေ ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးလာတဲ့ စစ်သားတွေ ၂၆၀ ဦး ကို ရေလမ်းကနေသာပြန်ပို့ဖို့ မြန်မာစစ်တပ်ပြောဆိုလာပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ၊မောင်တောမြို့မှ နယ်ခြားစောင့် ရဲတွေ ၊ စစ်တပ်အရာရှိတွေ နဲ့ အကောက်အခွန် အရာရှိတွေကို မြန်မာစစ်တပ်က ရေလမ်းကနေသာ ပြန်လည်ပို့ဆောင်ဖို့ ပြောဆိုလာပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ လုံခြုံရေး အခြေအနေတွေ ကြောင့် လေယာဉ် နဲ့ ပြန်လည် ပို့ဆောင်ဖို့ အဆိုပြုထားတယ်လို့ ဒါကာ အခြေစိုက် သတင်းတွေက ဆိုပါတယ်။

မြန်မာ စစ်တပ်က သူတို့ စစ်သားတွေ နဲ့ အရာရှိတွေ ကို နတ်မြစ်ကိုဖြတ်ပြီး သင်္ဘော နဲ့ သာပြန်လည် ခေါ်ယူမယ်လို့ ပြောဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိ Miah Md Mainul Kabir ရဲ့ ပြောကြားချက်ကို ကိုးကားပြီး တူရကီ အခြေစိုက် သတင်းအေဂျင်စီ Anadolu က သတင်းဖော်ပြပါတယ်။

Anadolu သတင်းအေဂျင်စီ ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော် ဒါကာ မှာ ရုံးခွဲ ထားပြီး သတင်းတင်ဆက်နေတဲ့ ဌာနတစ်ခုလည်းဖြစ်ပါတယ်။

“ ဒီကိစ္စကို ဆွေးနွေးဖို့ ကျွန်တော်တို့ရဲ့မြန်မာဆိုင်ရာ သံအမတ်ကြီးက နေပြည်တော်ကို ရောက်နေပြီ။ မကြာခင်မှာ အဖြေတစ်ခုဆီကို ရောက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု Kabir က Anadolu သတင်းဌာန ကိုဖြေကြားထားပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာနယ်စပ်ကျေးရွာများမှ ပြည်သူတွေ ဟာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်ရောက်လာတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mohammed Mizanur Rahman က မြန်မာ ပြည်က ဒုက္ခသည်တွေ ထပ်မံလက်ခံဖို့ မတတ်နိုင်တော့ဘူးလို့ ပြောကြားထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို လက်ခံလက်ခံထားပြီးဖြစ်တာကြောင့် နောက်ထပ်ရောက်မယ့် သူတွေ လက်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။

“သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကိုလက်ခံထားရတဲ့ အတွက် ကျနော်တို့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါပြီ။ အခု နောက်ထပ် ဒုက္ခသည်တွေ ထပ်ခေါ်လို့ မရတော့ဘူး” လို့ Mohammed Mizanur Rahman ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article