25 C
Yangon

မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၆ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိ၍ နေအိမ် ၁၃၀ ကျော် မီးလောင်ပြာကျ

Must read

မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၆ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိ၍ နေအိမ် ၁၃၀ ကျော် မီးလောင်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၆ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၃နာရီ ၃၀ မိနစ်အချိန် ကံကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကံကျေရွာထဲအထိ ဝင်ရောက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာတော့ ၃နာရီ ‌လောက် ကြာတယ်။ မင်းကင်းမြို့မှာရှိတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူတာတွေလည်းရှိတယ်ဗျ။ သူတို့ပစ်တဲ့ လက်နက်ကြီးတွေရွာထဲကျရောက်ပြီး ကံရွာက ပြည်သူ့နေအိမ်တွေလည် မီးလောင်တယ်။ စစ်ခွေးအပါဝင် ပျူ၆ကောင်ကတော့ နေရာတင်သေတယ်။ ကျန်တဲ့ ပျူခေါင်းဆောင်အပါဝင် ဒဏ်ရာရသူ၃၀လောက်ကတော့ မင်းကင်းဆေးရုံကို ကားနဲ့သယ်သွားတယ်လို ဖရဲသီးဆီကနေသိရပါတယ်။ တော်လှန်ရေးတပ်တွေကတော့ ကံရွာထဲအထိ အကုန် ရှင်းလင်းနိုင်ခဲ့တယ်။ ကိုယ့်ဘက်ကတော့ ၁ ဦး လက်နက်ကြီးကျည်စထိမှန်တယ်။ စိုးရိမ်ရတယ်။ ကျန် ၅ဦးကတော့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်” ဟုဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရှင်းပြသည်။

ကံကျေးရွာသည် မင်းကင်းမြို့နှင့် ၃မိုင်ခန့် သာ ကွာဝေးသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ လူနေအိမ် ၁၃၀ မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသော ကျေးရွာတစ်ရွာ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article