25 C
Yangon

ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဉ်များဖြင့် ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်း အကြီးအကျယ်ထိုးနေ

Must read

ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဉ်များဖြင့် ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်း အကြီးအကျယ်ထိုးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ ဂျက်ဖိုက်တာများဖြင့် ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်း ထိုးနေသောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့နှင့် ဒေသတွင်း သတင်ရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်နှင့် ည ၈ နာရီခန့်အချိန်တို့တွင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁ စီး၊ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီ ၁၈ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်အချိန်တို့တွင်လည်း ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ ဂျက်ဖိုက်တာတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ရေး အခြေအနေကတော့ ဘာမှမသိရသေးပါဘူး။ ကန့်ဘလူ မြောက်ခြမ်းက ရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်နေတာ ဂျက်ဖိုက်တာ ၂ စီးနဲ့ MI-35 နဲ့ ပစ်နေတာပါ။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကန့်ဘလူမြို့နယ် ​မြောက်ခြမ်း ချပ်သင်းစံပြရွာအနီး​ရှိ ကျေးရွာများကို ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် တိုက်ခိုက်နေပြီး မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article