25 C
Yangon

လွိုင်ကော်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး အပါအဝင် ၆၅ ဦး ပြန်လည် လွတ်မြောက်လာ

Must read

လွိုင်ကော်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး အပါအဝင် ၆၅ ဦး ပြန်လည် လွတ်မြောက်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကျဉ်းထောင်အတွင်းမှ လွတ်ရက်စေ့ကျော်လွန်နေသော နိုင်ငံ ရေးအကျဉ်းသား ၁၂ ဦးအပါအဝင် ၆၅ ဦး ပြန်လည် လွတ် မြောက်လာကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦး က ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) တို့ ပူးပေါင်း၍ နိုင်ငံရေးအကျဉ်းသားများ အပါ အဝင် အခြား အကျဉ်းသားများ လွတ်ရက်စေ့သော်လည်း ထပ်မံထိန်းသိမ်းခံထားနေရကြောင်း ကြေ ညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

“ကျနော်တို့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်က စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ တော်တော် လေး ပျံ့သွားတာရယ်၊ သူတို့ဘက်က ရှင်းလင်းချက်ပြန်ထုတ်တာတွေနဲ့ဆိုတော့ အဲဒီတုန်းကတော် တော် လေးဂယက်ရိုက်သွားတာပေါ့၊ အဲဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို ၅ ရက်နေ့မှာ ပြန် လွတ်လာတယ်၊ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေက ဝိုင်းဝန််းကူညီပေး ကြသူ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောခိုင်းလိုက်ပါတယ်၊ ကျနော်တို့အဖွဲ့အစည်းအနေနဲ့လည်း ကျေးဇူးတင်ပါတယ်” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦး က ရန် ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

လွတ်ရက်စေ့ အကျဉ်းသား၊အကျဥ်းသူများကို လွှတ်ပေးလိုက်သည့်အပေါ် ကြိုဆိုပါ ကြောင်း၊ သို့သော် လွိုင်ကော်အကျဉ်းထောင်တွင်း၌ ကျန်ရှိနေဆဲ အကျဉ်းသားများသည် အစားအ သောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မလုံလောက်သည့် အခြေအနေနှင့် ကြုံတွေ့နေရ ကြောင်း သိရသည်။

လက်ရှိ၌ လွိုင်ကော်အကျဉ်းထောင်တွင်း၌ အကျဉ်းသားများအားလုံးကို ဆန်ကြမ်းနှင့် ငါးပိကိုသာ နေ့စဉ်ရက်ဆက်ကျွေးနေသည့်အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ ယနေ့အထိ နှစ်လ နီးပါးကြာ အကျဉ်းသားများကို အခန်းထဲ၌ ပိတ်လှောင်ထားသဖြင့် ကိုယ်လက်အင်္ဂါများ ချိနဲ့ခြင်းကဲ့သို့ ကျန်းမာရေးထိခိုက်မှုများ ဖြစ်နေကြောင်း သိရသည်။

ထို့ကြောင့် မတရားဖမ်းဆီးထားထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြား အ ကျဉ်းသားများကို လုံလောက်သောအစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အထူး အလေးထားလုပ်ဆောင်ပေးနိုင်ပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)တို့က တောင်းဆိုထားသည်။

လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးမှာ-

၁။စိုင်းဝဏ္ဏ

၂။ရဲထွန်းနိုင်

၃။မောင်ဝိုင်း

၄။စောအယ်ထောနယ်ဆွီ

၅။ဆာကာရီးရာ

၆။ဆာဘလုမူး

၇။ဆူရယ်

၈။သန်းကိုစတီးနိုး

၉။အာကာပေတရု

၁၀။ကလောရယ်

၁၁။မြာရယ်

၁၂။ဒေါ်လင်းလင်းခိုင် တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article