26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရက္ခိုင့်တပ်တော် AA ရဲ့တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၂၆၀ ကို သင်္ဘောနဲ့ ပြန်ပို့ဖို့ စစ်ကောင်စီက ပြောဆိုမှုအပေါ် ဘင်္ဂလားဒေ့ရှ် က ပယ်ချလိုက်ပြီး ၊ လေယာဉ်နဲ့သာ လာခေါ်ဖို့ အကြောင်းပြန်လိုက်ပါတယ်။
  • ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်က စစ်တပ်ဗျူဟာကုန်းကို စစ်ကူလာရင်း ကိုယ်ဝန်ဆောင်မိခင် အပါအဝင် အမျိုးသမီး ၃ဦးနဲ့ ကလေးငယ် ၃ ဦး ကို ပစ်သတ်သွားတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို တော်လှန်ရေးတပ်တွေကနေ လိုက်လံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား အယောက် ၄၀ ကျော် သေသွားတဲ့အပြင် ၊ ၄ ဦးကို အရှင်ဖမ်းမိထားတယ်လို့ ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်က ဇရပ်ကြီးမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းရော လက်နက် ကြီးနဲ့ပါ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးထား ပြီးအရပ်သားပြည်သူ အယောက် ၅၀ ကျော် ဒဏ်ရာရထားတဲ့အပြင် ၊ ပြည်သူ အများစုလည်း ပိတ်မိနေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ထားပါတယ်။


    #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article