35 C
Yangon

အုတ်ဖိုမြို့နယ်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမဘေး အုတ်ဖိုတာဆုံရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေး ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးခန့် သေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည်ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် ထောက်တိုင် ပျူစောထီးများနှင့် အတူတကွ နေထိုင်ခြင်း ၊ပေါင်းသင်း ဆက်ဆံခြင်းများကို အထူးဂရုပြု ရှောင်ကျဉ်ကြရန် တိုက်တွန်းလိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article