35 C
Yangon

ရွှေဘိုမြို့ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၆ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို နန်းတော် အနောက်တောင်ဘက် ရွှေဒါးကန်အနီးရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Ayadaw Drone Force အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ရွှေဘိုမြို နန်းတော်၏ အနောက်တောင်ဘက် ရွှေဒါးကန်အနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်အခြေပြု တပ်စွဲနေသော အဆောက်အဦးကို တော်လှန်ရေး တပ်ဖွဲများက လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံးနှင့် လက်လုပ် ၆၀ မမ ဗုံးသီး ၃ လုံး ဒရုန်းဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ တပ်ရင်း စခန်းများက လက်နက်အကြီး၊ လက်နက်ငယ်များဖြင့် အချိန်ကြာမြင့်စွာ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထ်ိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘို Buffalo Soldiers နှင့် ဒေသ တော်လှန်ရေး တပ်ဖွဲများမှ ဖိတ်ကြားချက်အရ BGS Ayadaw Drone Force က ဦးဆောင်၍ Ayadaw Rocket LPDF ရဲဘော်များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြိုရှိ တက္ကသိုလ်ကျောင်းဝန်းနှင့် ခရိုင်ရုံး၎င်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Eagle Guerrilla Force အဖွဲထံမှ သိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြိုပေါ်ရှိ တက္ကသိုလ် ကျောင်းဝန်းအတွင်း၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို fixed Wings နည်းပညာ ဖြင့် ဝေဟင်မှ Drop ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြိုနယ် ခရိုင်ရုံး အတွင်းကို ထပ်မံ၍ fixed Wings နည်းပညာဖြင့် ဝေဟင်မှ Drop ဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ရွှေဘိုမြိုနယ် ခရိုင်မှူး အပါအဝင် စစ်ကောင်စီ တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိသွား‌ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး၊ နယ်စည်းမခြားရွှေဘိုသား Local PDFအဖွဲ့၊ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၊မတစ်ထောင်(တစ်ကောင်ဘွား)ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ နှင့် ရွှေဘို သခင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ တိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများ ထပ်မံ ဖော်ဆောင်နိုင်ရန်အတွက် Drop ဗုံးသီးများ၊ Fixed Wings များ ဆက်လက် တည်ဆောက်နိုင်ရန် ငွေကြေးအခက်ခဲများ ရှိနေသောကြောင့် ပြည်တွင်း/ပြည်ပ မှ ထောက်ပို ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီထောက်ပိုပေးကြရန် မေတ္တာရပ်ခံကြောင်း Eagle Guerrilla Force အဖွဲက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article