ရန်ကုန်၊ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်း၊ ရေဦးမြိုနယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က မုတ်စီရွာတွင် ၃ ရက်ဆက် တပ်စွဲထားသောကြောင့် ကျေးရွာ ၁၈ ရွာကျော်မှ စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူ ၁၀၀၀၀ ကျော် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ ရေဦးမြိုနယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုတ်စီရွာအတွင်း ၃ ရက်ဆက် တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများတွင် ကင်းပုန်းများဝပ်ခြင်း၊ ညအချိန် စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်သောကြောင့် ကျေးရွာ ၁၈ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်သည် နေရပ်မပြန်နိုင်သေးဘဲ ဆက်လက် တိမ်းရှောင်နေရသောကြောင့် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိချိန်တွင် ရေဦးမြိုနယ် အနောက်ခြမ်းရှိ ငြုတ္တုံ၊ ပြည်တော်၊ မုတ်စီ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ရွာမိဿာ၊ မူးဆုံ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာနှင့် ထန်းပင်ကုန်း ရွာရှိ ပြည်သူ ၁၀၀၀၀ ကျော် သည် ယနေ့ ချိန်ထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ရေဦးမြိုနယ် စစ်ကြောင်း ထိုးနေတဲ့ ဒီဘီလူးစစ်ကြောင်းက ညပိုင်းမှသာ လှုပ်ရှားတဲ့စစ်ကြောင်းမို အခုချိန်ထိ အနောက်ဘက်ခြမ်းကကျေးရွာ ၁၈ ရွာလောက်နဲ့ ပြည်သူ ၁ သောင်းကျော် ရွာတွေထဲ မအိပ်ရဲဘဲ ထွက်ပြေးနေကြတုန်း ရက်ရှည် စစ်ရှောင်နေကြရတာမို စားနပ်ရိက္ခာတွေလည်း အခက်ခဲဖြစ်နေတယ်။ တချိုရွာတွေကတော့ နံနက်ပိုင်းလေး ရွာတွေထဲဝင် ထမင်းဟင်းချက်ပြီး ချက်ချင်းပြန်ထွက်ပြေးကြပေမယ့် ရွာအများစုက ပြည်သူတွေ စစ်ကြောင်း ရောက်လာမှာကို ကြောက်လို ပြန်မဝင်ရဲကျဘူး။ နောက်ပြီး ပြည်သူတွေက စစ်ခွေး ကင်းပုန်းတွေလည်း ကြောက်လို ရွာတွေကို ပြန်မဝင်ရဲကျဘူး။ ရက်ရှည်စစ်ရှောင်နေကြရတာ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာတွေလည်းပြတ်လပ်တာမျိုးတွေ အရေးပေါ်လိုအပ်နေတာ”ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြိုနယ်၊ ဒီပဲယင်းမြိုနယ်နှင့် ရေဦးမြိုနယ်အတွင်း ၁ လ ကျော်ကြာ စစ်ကြောင်း ထိုးခဲ့ပြီး ခင်ဦးမြိုနယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို မီးရှိဖျက်ဆီးကာ ပြည်သူ ၇ ဦးသတ်ဖြတ်ခဲ့ကြောင်း၊ ဒီပဲယင်းမြိုနယ်တွင်လည်း ပြည်သူ ၅ ဦးကို သတ်ဖြတ်ကာ ရေဦးမြိုနယ်အတွင်း ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



