28 C
Yangon

ဇရပ်ကြီးမြို့မှ စစ်ဘေးရှောင်ပြည်သူများကို ကူညီကယ်ဆယ်ရေး စစ်တပ်က ပိတ်ပင်၊ ထန်းတပင်တံတားနှင့် ဒိုးသောင်တံတားကို ပိတ်ဆို့ထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင် သယ်ထုတ်ခွင့်မပေးဘဲ ထန်းတပင်တံတားနှင့်ဒိုးသောင်တံတားတွင် စစ်တပ်က တားမြစ်၍ နေရပ်ပြန်ခိုင်းနေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ဇရပ်ကြီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများကို ပရဟိတအဖွဲ့များက ကယ်ထုတ်လာခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က တားမြစ်ကာ စစ်ဘေးရှောင်များ ပါလျှင် တောင်ငူဘက်သို့ ပေးမသွားဟုဆိုကာ ထန်းတပင်တံတား၊ ဒိုးသောင်တံတားတို့ကို စစ်တပ်က ပိတ်ပင် တားမြစ်ထားကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောကြားသည်။

“စစ်ခွေးတပ်က အခုလက်ရှိ ကယ်ထုတ်လာတဲ့ စစ်ဘေးရှောင်တွေကို ထန်းတပင်တံတားမှာ နေရပ်ပြန်ပို့ခိုင်းနေတယ်။ စစ်ရှောင်တွေကို ကယ်ထုတ်လာပေမယ့် အခုထားခဲ့လိုက်ရပြီ ထန်းတပင်တံတားမှာ။ ဒိုးသောင်တံတားလည်း ပိတ်ထားပြီ။ စစ်ခွေးတပ်က ယုတ်မာတာ” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ Mi35 ရဟတ်ယာဉ်များလည်း တောင်ငူလေတပ်မှ ပျံတက်လာပြီး လှည့်ပတ်ပျံသန်းနေကြောင်း သိရှိရသည်။

“အဓိကတော့ စစ်ခွေးတပ်က ပြည်သူကို ကာဗာယူတာ။ ပြည်သူတွေရှိရင် ကိုယ်ဘက်က မလုပ်ဘူးဆိုတော့” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် ထန်းတပင်တံတားပေါ်တွင် ပိတ်မိနေသူများပြားနေကြောင်း၊ ကားအလွတ်များကိုသာ သွားခွင့်ပေးပြီး စစ်ရှောင်လာသူများကို ကားပေါ်မှ ဆင်းခိုင်းကာ ဖုန်းများကို စစ်ဆေးခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ ထို့ပြင် တောင်ငူဘက်မှ ဇရပ်ကြီးဘက်အထိ သွားမည့် ကားများကို နောက်ပြန်လှည့်ခိုင်းကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ – ထန်းတပင်တံတားတွင် စစ်တပ်က ပိတ်ဆို့ထားစဉ်။

Photo-CJ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ထန်းတပင်တံတားတွင် စစ်တပ်က ပိတ်ဆို့ထားစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article