26 C
Yangon

ဘုတလင်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဘုတလင်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း BGS Ayardaw Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ ခန့်က ဘုတလင်မြို့၊ ဗိုလ်ချုပ်ကြေးရုပ် ရှေ့၌ ဂိတ်ချပြီး လမ်းသွား၊ လမ်းလာမိဘပြည်သူများကို စစ်ဆေး၊ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်လုပ် ၁၂၀ မမ ဗုံးသီး ၂ လုံးကို ဒရုန်းဖြင့် ကျဲချတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးလဲကျသွားကြောင်း သိရသည်။

ထိုသို့ လဲကျသွားသည့် စစ်ကောင်စီတပ်သား ၃ ဦးကို ဘုတလင်မြို့မရဲစခန်းထဲမှ အိမ်စီးကား ၂ စီး ဖြင့် အလျင်အမြန်ထွက်လာကာ ဝန်ထမ်းအိမ်ယာဆီသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးခဲ့သော် လည်း ၂ ဦးသေဆုံးပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာ စိုးရိမ်ရဖြင့် ဆေးဝါးကုပေးနေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayardaw Drone Force မှ ဦးဆောင်၍ ဘုတလင်တိုက်နယ် ၂ ၊ အရာ တော်တိုက်နယ် ၄ ၊ Ayardaw Rocket နှင့် မုံရွာခရိုင် တပ်ရင်း ၁၉ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရင်းစခန်းများမှ လက်နက်ငယ္များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article