25 C
Yangon

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်း၊ ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသည့် အာဏာ စတင်ကျင့်သုံးရန် ပြင်ဆင်

Must read

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်း၊ ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသည့် အာဏာ စတင်ကျင့်သုံးရန် ပြင်ဆင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်းကို စစ်မှု မထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့် ခေါ်ခွင့်ရှိသည့် အာဏာကို စတင်ကျင့်သုံးကြောင်း ယနေ့ ညတွင် ကြေညာသည်။

ယခင် စစ်အာဏာရှင် နအဖ က ပြဋ္ဌာန်းခဲ့သည့် ဥပဒေအမှတ် ၂၇၊ ၂၀၂၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းထားသော အဆိုပါ ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း စစ်မှုထမ်းရန် အကြမ်းဖက် စစ်ကောင်စီက ဆင့်ခေါ်မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းရန်ကာလကို (က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ (ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သည်ဟု ဥပဒေက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း သေဆုံးမှုများပြီး စစ်သားရှားပါးလာသဖြင့် နောက်ဆုံးတွင် စစ်မှုမထမ်းမနေရ ဥပဒေကို အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article