ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘောတစ်စီးဟာ ရက္ခိုင့်တပ်တော် AA ရဲ့တိုက်ခိုက်မှုကြောင့် ထပ်မံ နစ်မြုပ်သွားပြန်ပြီလို့ AA က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
- ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ် နဲ့ ကျောက်တော်မြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုကြောင့် တစ်ရက်တည်းမှာပဲ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးသွားတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
- စစ်ကိုင်းတိုင်းက ကောလင်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုတွေများပြီး အထိနာနေတဲ့အတွက် မြို့ပေါ် ရက်ကွက်တွေကို ပစ်ခတ်မီးရှို့ ဖျက်ဆီးနေ သလို ၊ တော်လန်ရေးတပ်တွေက မြို့ကို ကာကွယ်ပြီး စစ်ကောင်စီတပ်သားတွေကို ခုခံတိုက် ထုတ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
