ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ် တောင်ပိုင်းက ဆီဆိုင်မြို့ကို ဆင်းလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO စစ်ကြောင်း ကို တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်ခြေမှုန်းရာမှာ စစ်တပ်ဘက်က PNO ပြည်သူ့ စစ်အဖွဲ့ဝင် ဗိုလ်မှူး ခွန်အောင်ဆန်း အပါအဝင် သေတဲ့သူတွေများပြားပြီး ၊ ကားတစ်စီးနဲ့ လက်နက် ခဲယမ်း တွေပါ သိမ်းဆည်း ရရှိထားတယ်လို့ ပအို့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA သတင်းရင်းမြစ်က ပြောပါတယ်။
- ရန်ကုန်ကနေ မန္တလေးကို ပြန်လာတဲ့ တန့်ဆည်မြို့သား လူငယ် ၄ ဦးကို ဒီကနေ့ မနက်ပိုင်းမှာပဲ အကြမ်း ဖက် စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်ပြီး ဖမ်းဆီးသွားတယ်လို့ အဲ့ဒီ့ လူငယ်တွေ နဲ့ နီးစပ်သူတွေ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်ထိုင်းသံရုံးမှာ အလည်ဗီဇာလျှောက်တဲ့သူတွေ ကြိတ်ကြိတ်တိုးနေတဲ့ အပြင် လေယာဉ်လက်မှတ် တွေလည်း ရောင်းစရာကုန်သွားတဲ့အထိကို ဖြစ်နေတယ်လို့ ခရီးသွားအေဂျင်စီတွေဆီကနေ သိရပါတယ်။
- ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေးတပ်သားသစ်ခေါ်ယူရာမှာ ၂၄ နာရီအတွင်း လျှောက်လွှာပေါင်း ၂၀၀၀ ကျော် လက်ခံရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
