ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်နီပြည်နယ်၊ ရှားတောမြိုက အကြမ်းဖက်စစ်တပ်ရဲ့ ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄၀ ကျော်သေဆုံးပြီး ဗျူဟာမှူးအပါအဝင် ၂၉ ဦးအရှင်ဖမ်းမိကာ စစ်ကောင်စီတပ်သား မိသားစုဝင်တွေ၊ ကလေးငယ်တွေအပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိထားတယ်လို ကရင်နီစစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို အတည်ပြုပြောပါတယ်။
- စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ တော့ စစ်မှုထမ်းရန်အတွက် ပြည်သူတွေကိုရွေးချယ်ခေါ်ဆိုမယ့် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲကို စစ်ကောင်စီက ဖွဲစည်းလိုက်ပါတယ်။
- ရန်ကုန်တိုင်း၊ တောင်ဒဂုံမြိုနယ်မှ လူငယ် ၁၇ ဦးကို ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက ပြည်သူ့စစ်မှု ထမ်း ဥပဒေအရ စစ်မှုထမ်းရမယ်လိုဆိုပြီး စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲတွေ ပါဝင်တဲ့စုပေါင်းအဖွဲက ဖမ်းဆီး ခေါ် ဆောင်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
