30 C
Yangon

ပန်းတောင်းမြို့နယ်တွင် ဧရာဝတီ တော်လှန်တပ်ဦး အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ကျန်တပ်ဖွဲ့ဝင်များကို ဖုန်းဆက် ခေါ်ခိုင်းပြီး ထောက်ချောက်ဆင် ဖမ်းဆီးနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် ဧရာဝတီ တော်လှန်တပ်ဦး အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျန်တပ်ဖွဲ့ဝင်များကို ဖုန်းဆက် ခေါ်ခိုင်းပြီး ထောက်ချောက်ဆင် ဖမ်းဆီးနေကြောင်း ဧရာဝတီတော်လှန်တပ်ဦး (ARF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ရက်နေ့ ညပိုင်းတွင် ဧရာဝတီ တော်လှန်တပ်ဦး အဖွဲ့ဝင် စစ်ပိုင် (ခေါ်) ကိုပြည့်ရှန်အောင်သည် ARF အဖွဲ့ဝင် ၁ ဦးနှင့်အတူ ခရီးသွားစဥ် ပန်းတောင်းမြို့ နယ်၊ သူရဲတန်းအုပ်စု၊ ဒေါင်းဒိုက်ကျေးရွာရှိ နေအိမ် ၁ အိမ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ARF တပ်ဖွဲ့ဝင် ၂ ဦး ညအိပ် တည်းခိုခဲ့သည့် နေအိမ်ကို စစ်တပ် သတင်းပေးများက တိုင်းကြားခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ပိုင်(ခ)ကိုပြည့်ရှန်အောင်ကို ဖမ်းဆီးပြီး ဖုန်းဆက်ခိုင်းကာ ARF အဖွဲ့ဝင်များ အလင်းဝင်ရန် စည်းရုံးခိုင်းခြင်း ၊ ထောင်ချောက်ဆင်ဖမ်းဆီးခြင်းများကို ပြုလုပ်နေကြောင်း သိရှိရသည်။

“နှစ်ယောက်လုံးကို ပစ်ဖမ်းတဲ့အချိန်မှာ တစ်ယောက်က တော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ စစ်ပိုင်ကတော့ခြေထောက်ဒဏ်ရာရပြီး အဖမ်းခံလိုက်ရတယ်။ လွတ်သွားတဲ့ ကျွန်တော်တို့အဖွဲ့ဝင်နဲ့တော့ အခုထိအဆက်အသွယ်မရသေးပါဘူး။ စစ်ပိုင်ကို ARF အဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ဖုန်းဆက်ခိုင်းတယ်။ အကြပ်ကိုင်တယ်။ အဲ့လိုအကြပ်ကိုင်လို့ ARF အဖွဲ့ဝင် ၄ ဦးရဲ့ မိသားစုဝင်တွေ ဇန်နဝါရီ ၂၇ မှာ အဖမ်းခံရတယ်။ မိသားစုဝင်တွေက မိထားတော့ အကြပ်ကိုင်ပြီး ARF အဖွဲ့ဝင်တွေကို အဖမ်းခံခိုင်းတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က PDF ၄ ဦး အလင်းဝင်တယ်ဆိုပြီး စစ်တပ်က ဝါဒဖြန့်နေတာ ကျွန်တော်တို့အဖွဲ့ဝင် ၄ ဦးပါ။ အဖမ်းခံရတာကို အလင်းဝယ်တယ်ဆိုပြီး ဝါဒဖြန်တဲ့ သဘောပါပဲ” ဟု ဧရာဝတီတော်လှန်တပ်ဦး (ARF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ပိုင် (ခ) ကိုပြည့်ရှန်အောင်ကို ဖုန်းဆက်ခိုင်းပြီး ထောင်ချောက်ဆင် ဖမ်းဆီးမှုများကြောင့် အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးမှုကို ခံထားရသည့် ARF အဖွဲ့ဝင် ၇ ဦး အထိရှိပြီဖြစ်ကြောင်း၊ ARF နှင့် ပတ်သတ်သည်ဟု စွပ်စွဲပြီး မြန်အောင်မြို့နယ်မှ CDM ကျောင်းဆရာမ တစ်ဦးဖြစ်သည့် ဒေါ်ဆုမို့မို့ဇော် အပါအဝင် ဒေသ ပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရှိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဒေသ ပြည်သူများနှင့် ARF အဖွဲ့ဝင်များ၏ အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ မတရားဖမ်းဆီးမှုများနှင့် ထောင်ချောက်ဆင်ဖမ်းဆီးမှုများ ထပ်မံပြုလုပ်လာနိုင်သဖြင့် သတိထားနေထိုင်ကြရန် လိုအပ်ကြောင်း ARF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တို့တွင် ဟင်္သာတခရိုင်၊ ရခိုင်ရိုးမ တောအုပ်များအတွင်း ဧရာဝတီတော်လှန်တပ်ဦး ARF နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ၂ ရက်ဆက် ထိတွေ့တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article