30 C
Yangon

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ ခုနှင့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ကို AA တိုက်ခိုက်သိမ်းပိုက်ထားပြီ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရက္ခိုင့်တပ်တော် AA က ပလက်ဝမြို့နယ်တစ်ခုလုံးနှင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ တောင်ပြိုမြို့စသည့် မြို့ ၆ မြို့ကိုလည်း အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

AA က သိမ်းပိုက်ထားသော ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် AA အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ကြိုးစားဆောင်ရွက်နေပြီး အလားတူ ရခိုင်ပြည်အတွင်း သိမ်းပိုက်ထားသည့် မြို့များကို AA က နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

AA က ရှင်းလင်းမှုတွေ လုပ်နေပါတယ်။ AA က သိမ်းပိုက်ထားတဲ့ အဓိက မြို့တွေကိုပါ။ စစ်တပ်က သူတို့ တပ်ရင်းတွေမှာ မိုင်းထောင်ထားတာတွေ ရှိတယ်။ တပ်ရင်းပတ်ပတ်လည်မှာ ထောင်ထားကြတာပါ။ ပြီးတော့ မြို့အတွင်း နေရာတစ်ချို့မှာလည်း မိုင်းတွေ ရှိတယ်လို့ပြောတယ်။ အဲ့ဒါတွေ မိုင်းရှင်းလင်းဖို့ လိုတယ်လို့ပြောတယ်။ မိုင်းရှင်းလင်းရေး ကိရိယာတွေ လိုတယ်ပေါ့နော် “ဟု AA နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

ရက္ခိုင့်တပ်တော် AA ထိန်းချုပ်နယ်မြေအတွင်း လက်နက်ကိုင်ဆောင်ထားသူများ အနေဖြင့် လက်နက်ခဲယမ်းများကို တစ်ပတ်အတွင်း လာရောက်အပ်နှံကြရန် ရက္ခိုင့်တပ်တော် AA က ယမန်နေ့တွင် သတိပေး ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်းရောင်းဝယ်ခြင်းများကို လုံးဝခွင့် ပြုမည်မဟုတ်သောကြောင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် လာရောက်အပ်နှံကြရန် ပြောသည်။

ထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ည ၁၂ နာရီ နောက်ဆုံးထားပြီး အပ်နှံကြရန် AA က သတိပေးထားပြီး လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိပြီးဖြစ်ကြောင် AA ၏ ထုတ်ပြန်ချက်က ရေးသည်။

အဆိုပါ စွန့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို မည်သူမဆို တွေ့ရှိပါက နီးစပ်ရာ ရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင် လည်းကောင်း အပ်နှံနိုင်ကြောင်းဆိုသည်။

ဆက်လက်၍ လက်နက် ခဲယမ်း အဆိုး၊ အကောင်း အပေါ်မူတည်ပြီး ထိုက်သင့်သော ဆုငွေများကို ချက်ချင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကြီးများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းများ၊ ရဲတပ်ရင်းများ၊ ရဲစခန်းများကို တစ်ခုမကျန် တိုက်ခိုက်ချေမှုန်းသွားရန် ရည်မှန်းထားသည့်အတိုင်း လုပ်ဆောင်နေကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

စစ်ကောင်စီတပ်သားများသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအတွင်းသို့လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှ လည်းကောင်း အသက်လုထွက်ပြေးနေကြကြောင်း ဆိုသည်။

ယင်းကဲ့သို့ ထွက်ပြေးစဉ်အတွင်း တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်၍လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြသည်ကို ရက္ခိုင့်တပ်တော်က သုံ့ပန်းများကို စစ်ဆေးချက်အရ သိရကြောင်း ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article