30 C
Yangon

အရာတော်မြိုနယ်နှင့် ရေစကြိုမြိုနယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်၊ သစ်ကျင်းကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်တပ်ရင်း အမှတ် ၂၇ Black Dragon Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အရာတော်မြိုနယ်၊ သစ်ကျင်းကြီးကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်တပ်စွဲထားသော စခန်းကို မုံရွာခရိုင်အမှတ် ၂၇ တပ်ရင်းနှင့် မဟာမိတ်အဖွဲများက ၆၀ မမဗုံးသီး ၂၂ လုံး၊ ရှော့တိုက် Rocket ဒုံး ၅ လုံး၊ Drone များဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေဘက်က ထိခိုက်ကျဆုံးမှုရှိတယ်လို သိရပေမယ့် အရေအတွက် တိတိကျကျတော့ မသိရသေးပါဘူး။ အခုထိ စုံစမ်းနေဆဲပါပဲ” ဟု မုံရွာခရိုင်တပ်ရင်း အမှတ် ၂၇ Black Dragon Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force နှင့်အတူ မိုင်းမင်းသားပျောက်ကြား တပ်ဖွဲ၊ သပြေညိုပျောက်ကြား တပ်ဖွဲတိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို၊ အမှတ် ၈ ရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ရေစကြို ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၂ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ အချိန်ခန့်က ရေစကြိုမြို ကပ်ကျော်ဘုန်းကြီး ကျောင်းဝန်းအတွင်း အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲနေသည့် အကြမ်းဖက်စစ်သားများအနက် မှ စစ်သားအချိုသည့် မိုင်းကွင်းတည့်တည့်ပေါ်၌ ထင်းခွဲနေစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ကို သိရှိရသော်လည်း အတိအကျ စုံစမ်း၍ မရဖြစ်နေကြောင်း သိရှိရသည်။

“အရင်တုန်းကလည်း အဲဒီဘုန်းကြီးကျောင်းမှာက တပ်စွဲဖူးတယ်၊ ပြီးတော့ စွန့်ခွာသွားတာ၊ အခုက ထပ်လာပြီး တပ်စွဲတာက ၁ လလောက်ပဲရှိသေးတယ်၊ ဘုန်းကြီးကျောင်းမှာက ဘုန်းကြီး တစ်ပါးပဲ ရှိတာ၊ အခုမိုင်းဆွဲတဲ့နေရာနဲ့က ဝေးတယ်၊ ပြန်လာတပ်စွဲမယ်ထင်ပြီး မိုင်းကြိုထောင်းခဲ့တာ၊ အခုက ပြန်လာတပ်စွဲပြီး မိုင်းကွင်းပေါ်တည့်တည့် ထင်းခွဲနေကြတာနဲ့ ဆွဲလိုက်တာ၊ မိုင်းကွဲပြီးတော့ ထိခိုက် လဲကျသွားတာတွေကို မိုင်းဆွဲတဲ့ရဲဘော်က မြင်ခဲ့ပေမယ့် ဘယ်နှစ်ယောက်ထိခိုက်သေဆုံးတယ်ဆို တာအတိအကျ စုံစမ်းမရဘူးဖြစ်နေတာ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – ပကဖ တပ်ဖွဲဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article