30.5 C
Yangon

ပြည်ပနိုင်ငံများတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်နေသူများ မြန်မာနိုင်ငံတွင် ပြန်လည်၍ စစ်မှုထမ်းရမည်ဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို

Must read

လစဉ် ပြည်သူ ၅၀၀၀ ဦးကို စစ်မှုထမ်းခိုင်းပြီး တစ်နှစ်လျှင် စစ်အင်အား ၆၀၀၀၀ ရယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပြည်ပနိုင်ငံများတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်သူများအနေဖြင့် မြန်မာ နိုင်ငံတွင် ပြန်လည်၍ စစ်မှုထမ်းရမည်ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြည်တွင်းသတင်းမီဒီယာတစ်ခုသို့ ပြောဆိုထားသည်။

နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်သူများအနေဖြင့် ပြည် သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ က တွင်ပါရှိသည့်အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်ကြောင်း၊ သို့သော် ထိုသူများအနေဖြင့် ၎င်းတို့၏ ပညာသင်ကြားမှု ပြီးဆုံးချိန်နှင့် အလုပ်တာဝန်များ ပြီးဆုံးချိန်တွင် ပုဒ်မ ၁၅ ခ နှင့်အညီ သတ်မှတ်ကာလ ပြီးဆုံးသည်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

သင်္ကြန်ကာလအပြီး စတင်မည့် ပြည်သူများ စစ်မှုထမ်းရေး အစီအစဉ် သင် တန်း အမှတ်စဉ် ၁ တွင် စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၅၀၀၀ ကို စတင် ခေါ်ယူမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ် ၅ မှစတင်၍ အမျိုးသမီးများကို ခေါ် ယူမည်ဖြစ်ကြောင်း သိရှိရသည်။

သင်တန်းအပတ်စဉ် ၁ မှစတင်၍ စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ ပြည်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ် ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ ရရှိရန် စီမံထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article