ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုန့ယ်၊ ရွာသာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း Northern Tigers အဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် စတင်ကာ ရွှေဘိုမြိုန့ယ်၊ ရွာသာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀ ကျော်ကျဲချပြီး မြေပြင်မှလည်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ထိခိုက်သေဆုံး မသိရသေးဘူးဗျ။ ပလိုင်းခွေးခြံနဲ့ နီးတော့ ခွေးခြံထဲ ထွက်ပြေးကြတော့ အတိအကျမသိရဘူးဗျ။ ၁၃ ရက်နေ့ ၁ နာရီလောက်က စဝင်တာဗျ။ မနက် ၈ ခွဲလောက်ကျ သိမ်းပြီးတာဗျ” ဟု Northern Tigers အဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို SKY HEROES OPERATION ဒရုန်းစစ်ဆင်ရေးအဖြစ် Northern Tigers နှင့်မဟာမိတ်ညီနောင်များက ဒရုန်းစစ်ဆင်ရေးအဖြစ်ပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ မြေပြင်တွင်လည်း ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
SKY HEROES OPERATION အဖြစ် ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်ကို ဝေဟင်မှ ဒရုန်းစစ်ဆင်ရေးများကို ၁၄ ကြိမ် လုပ်ဆောင်ထားခဲ့ပြီးဖြစ်ကြောင်း Northern Tigers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
