ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြင်းမူမြို့မရဲစခန်းနှင့်မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defense Force Myinmu တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၀ နာရီ ၃၅ မိနစ်ခန့်က လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ် အောင်ဆန်း၏ မွေးနေ့အထိမ်း အမှတ်နေ့နှင့် စစ်အာဏာရှင် အုပ်ချူပ်မှုကို လက်မခံကြောင်း ပြသလို သောအားဖြင့် မြင်းမူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာ မြင်းမူမြို့မရဲစခန်းနှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အများအပြား ရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ထို့သို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး နောက် စစ်ကိုင်းမြို့ဘက်မှ ကားနှစ်စီး အပြည့် ဖြင့် ဝင်ရောက် လာသော အကြမ်းဖက်စစ်သားများသည် မြင်းမူမြို့မရဲစခန်းနှင့် မြန်မာ့စီးပွားရေး ဘဏ်အနီး တဝိုက်ကို လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defense Force Myinmu (DK PDF-MMU) ၊ မြင်းမူ မြို့နယ် ပ. က. ဖ ,Myinmu Local Defense Force (MMU)၊ Spring Soldier(နွေဦးရဲဘော်)၊ ဇေယျာ ရွေမြေ (MMU)၊ Moe Nyo Revolution Force(MNRF) ၊ D.B.B.F.MMU နှင့် မြင်းမူမြို့နယ်အနောက် ခြမ်း ပ.က.ဖ စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြေင်း သိရသည်။
အလားတူ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force – ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိုင်ချ တပ်စွဲထားရာနေရာများကို ယင်းမာပင်ခရိုင် လက်နက်ကြီးတပ်ပေါင်းစုတို့ ပူးပေါင်းပြီး လက်နက်ကြီးဖြင့် အလုံး ၃၀၀ ကျော်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပင်မဆောင်ရယ်၊ ရဲစခန်းရယ်၊ စုပေါင်းရုံးရယ်ကို သုံးဖွဲ့ခွဲပြီး လက်နက်ကြီးတွေနဲ့ ထုခဲ့တာဗျ၊ အထိ နာတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်၊ ၄ ယောက် ဒဏ်ရာ ရတယ်လို့တော့ သိရတယ်၊ လောလောတော့ သေဆုံးမှု မသိရသေးဘူး၊ စုံစမ်းနေတုန်းပဲ” ဟု Royal Tiger Force – ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ အထိနာပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
