37 C
Yangon

၈၈ မျိုးဆက်ကျောင်းသားခေါင်း ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

Must read

“ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား။ ဘာကြောင့်ဖြစ်စေ ပန်းဝင်ခါနီး တော်လှန်ရေးကို မျက်ခြည်ပြတ်လို့ မရဘူး”

၈၈ မျိုးဆက်ကျောင်းသားခေါင်း ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်ရန် လုပ် ဆောင်နေမှုအပေါ် မည်သို့ မည်ပုံ တုံ့ပြန်သင့်သည်ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုထားသည်။

မေး။ ။ တကယ်လို့ စစ်တပ်က စစ်မှုထမ်းဖို့ ဆင့်ခေါ်လာရင် လူငယ်တွေအနေနဲ့ ဘယ်လို တုံ့ပြန်ရမလဲ။

ဖြေ။ ။ လာဘ်ထိုးမယ်၊ အကပ်ရှာမယ်။ ဖက်ဆစ်တပ်ယန္တရားတွေနဲ့ညှိပြီးကိုယ်လွတ်ရုန်းမယ် ဆိုရင်ငွေကတော့တကြိမ်နဲ့မပြီး၊ဒုတိယမ္မပိ တတိယမ္မပိ အခါခါ အဆင့်ဆင့်ပေးခြင်း ဆုံးမှာမဟုတ် ၊တချို့လည်းအခြားနည်းမျိုးစုံနဲ့ကိုယ်လွတ်ရုန်းကြံသူလည်းရှိတာပါပဲ။

စစ်တပ်ထဲဝင်ခိုင်းရအောင် ဒီဖက်ဆစ်တပ်ဟာနိုင်ငံရဲ့တပ်မှမဟုတ်တာ၊ရာဇဝတ်ဂိုဏ်းဖြစ်တယ်။ ဒါတင်စားချက်မဟုတ် နိုင်ငံ တော်ပုန်ကန်မှုကျုးလွန်ထားတဲ့စစ်အုပ်စုဖြစ်တယ်။ စစ်မှုထမ်းမဟုတ်ဘူး ၊ဓားပြဂိုဏ်းဝင်ခိုင်းနေတာ။ ဒါက မတရားမှုပဲ။ မတရား မှုကိုဘက်ပေါင်းစုံနဲ့ဖီဆန်ဖို့ ၊ CDM ဆိုတာ ရုံးမတက်တာတစ်ခုတည်း မဟုတ်။ (Boycotts )စစ်တပ်ထုတ်ကုန်မသုံးစွဲသပိတ်မှောက်ရမယ်။

မေး။ ။ စစ်တပ်ရဲ့ ဝင်ငွေဖြတ်တောက်မှုပေါ့။ ဒီအလုပ်တွေ ဒီအချိန်လူတိုင်းလုပ်ရင် အခွန်အခတွေ ဝင်ငွေတွေတညီတည်းဝိုင်းဆန့်ကျင် ပိတ်ဆို့ကြဖို့ဆိုတာက တကယ်ရော အလုပ်ဖြစ်ပါ့မလား။

ဖြေ။ ။ လူတိုင်းနီးပါးလုပ်ရင် မရစရာမရှိပါဘူး။

မေး။ ။ အတင်း အဓမ္ မစစ်တပ်ထဲမောင်းသွင်းမယ့် ယန္တရားကို ဘယ်လို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်မလဲ။

ဖြေ။ ။ ဖက်ဆစ်တပ်ဟာ တခုခု ရမ်းကားပြီးတိုင်းလူထုတုန့်ပြန်မှုကိုစောင့်ကြည့် မြဲပါ။ ငုံ့ခံမလား ၊တုန့်ပြန်ဆန့်ကျင်မလား။ ငုံမခံဘူး တုန့်ပြန်ဆန့်ကျင်တယ်ကွ။ “ဝင်မယ့်ဝင် တော်လှန်ရေးတပ်ထဲဝင်မယ်” အသံကြီးဟိန်းထွက်လာတော့၊အပြင်းအထန်တုန့်ပြန်လိုက်တော့၊ နည်းနည်းလျှော့လိုက်တယ်။ အခုမဟုတ်သေးပါဘူး။ တပြိုင်တည်းမဟုတ်သေးဘူး ဆိုပြီး လုပ်ပြန်တယ်။

ဟိုသူကြီးအမိန့်လိုဖြစ်နေပြီ “မလိုက်နာရင်သေဒဏ်”၊ ဒါကိုဝိုင်းဆန့်ကျင်တော့ “သေဒဏ်ဆိုပေမယ့်လည်းတကယ်မမှတ်နဲ့။ တကယ်မမှတ်နဲ့ဆိုပေမယ့်လည်း မပေါ့နဲ့”။ လက်တွေ့မှာတော့အဓမ္မ ဆင့်ခေါ်ဖို့အောက်ခြေမှာအနိုင်ကျင့်ငွေညှစ်နေကြတာတွေ့ကြမှာပါ။

တတ်နိုင်ရင်တော့ ဖက်ဆစ်ဂိုဏ်းဟာ ပြည်သူကို တဆုံး အနိုင်ကျင့်စော်ကားချင်တာ သေချာတယ်။ လူတိုင်းအသိပဲ။ ဒါကိုအညံ့ခံပြီး ရှိစုမဲ့စုရွှေလေးရောင်း၊ လာဘ်ထိုးမယ်ဆိုရင် “ရွှေကိုယူသည် ငွေကိုယူသည် ပြီးတော့လူကိုပါယူမည်” ဖြစ်မှာပဲ။

အခုဖက်ဆစ်ယန္တရားကို ရွှေငွေရတနာ ဝင်လာမစဲတသဲသဲ မက်လုံးစားပေါက်ထွင် ဖန်တီးပေးလိုက်တာပဲ။ ဖက်ဆစ်ရဲ့အုပ်ကြီးကအစ အဓမ္မ စစ်ထဲဝင် ဆင့်ခေါ်ရေး ယာယီကင်းလွတ်ခွင့် ဆေးစစ်ဘုတ်အဖွဲ့ တွေက “လာဘ်ခေါ်ကြောင်ရုပ်၊လက်ကလေးတလှုပ်လှုပ်နဲ့ကြိုနေမှာပဲ”။

အခုပဲအချို့​ဒေသတွေမှာ မဲနှိက်ခိုင်း။ မပေါက်သူက ဝမ်းမသာနဲ့ဦး။ ငွေဘယ်လောက်ထည့်။ ပေါက်သူကလည်း ဝမ်းမနည်းနဲ့ဦး။ ဘယ်နှစ်သိန်းပေးရင် စာရင်းပြန်ဖျက်ပေးမယ်။ လှန်ချီမှောက်ချီ ဗိုလ်ကျအနိုင်ကျင့်နေပါပြီ။ ပြည်ပရောက်အလုပ်သမား (နိုင်ငံ သား) တွေ အထိ ခြိမ်းခြောက် မိုက်ကြေးခွဲ လည်မြိုလှမ်းညှစ်လိုက်တာတွေ့ကြပါလိမ့်မယ်။ ဒါကိုအညံ့ခံမလား ဆန့်ကျင်မလားပဲ။ သပိတ်ဆိုတာလမ်းပေါ်ထွက်တာချည်းမဟုတ်ဘူး။

မေး။ ။ ဒီရာဇဝတ်ဂိုဏ်းထဲအဓမ္မတင့်ခေါ်မှုအပေါ် လက်တွေ့ဘာတုန့်ပြန်မလဲ။

ဖြေ။ ။ စစ်တပ် ထုတ်ကုန် ဖြစ်တဲ့ အရက်၊ ဘီယာ၊ စီးကရက် အပါဝင် ထုတ်ကုတ်တွေကိုသပိတ်မှောက်ဆန့်ကျင်တာမျိုးတခဲနက် လူတိုင်းနီးပါးလုပ်ကြဖို့လိုတယ်။ ဖိနှိပ်ယန္တရားမှန်သမျှကိုရရာနည်းနဲ့ဖေါ်ထုတ် အားစိုက်ဆန့်ကျင်မယ်ဆို ပြိုင်တူရုန်းတာပါပဲ။

မူလလက်ဟောင်းCDM တွေအတွက် နေရာပြောင်းချင်ရင် ပြင်ဆင်ရမှာရှိပါတယ်။ထောက်/ပို့ တာဝန်ပုံမှန်ထမ်းလာသူတွေတော့ ဆိုင်ရာ လမ်းကြောင်းတွေရှိပြီးသားပါ။ ဒီလူဟာဖြင့် တော်လှန်ရေးမှာ နိုင်ရာတောက်လျောက်ထမ်းနေတာပဲ ဆိုတာ အာမခံမည့်အဖွဲ့အစည်းတွေလည်းရှိပြီးသားပါပဲ။ တော်လှန်ရေးနယ်မြေတွေထဲရှိရဲဘော်များနဲ့ကိုယ်စီအဆက်အသွယ်ရှိကြပြီးသားများအတွက်လမ်းကြောင်းပေါက်ပြီးသားပါ။

ဘက်ပေါင်းစုံအရှုံးကို အာရုံလွှဲချင်တဲ့ဖက်ဆစ်ဂိုဏ်းဟာ “ငါချည်းပဲအရှုံးနဲ့ လောင်မြိုက်နေရတယ် မင်းတို့အားလုံးပူကြစမ်း “လို့မီးလိုက်ရှို့ နေတာကို မီးကူးစက် အလောင်ခံလို့မရပါဘူး။ မဟာမိတ်တွေဘက်က မြို့ပေါင်း၄၀ကျော်သိမ်းနိုင်ပြီဖြစ်တဲ့ တော်လှန်ရေး အောင်မှသာ ဒီလိုအနိုင်ကျင့်ဗိုလ်ကျမှုတွေ ချုပ်ငြိမ်းမှာဖြစ်ပါတယ်။

စစ်သားတွေ ကုန်တဲ့အထိ စစ်ရှုံးနေတဲ့ စစ်တပ်ကတော့ ဇာတ်သိမ်းအရှုံးကိုအချိန် ဆွဲအာရုံလွှဲဖို့ ငြင်းခုန် စိတ်ဝမ်းကွဲစေအောင် ကြေညာချက်တွေ ရှံ့ချည်နှပ်ချည် ထုတ်လိုက်၊အောက်ခြေကအားရပါရဖိနှိပ်လိုက်၊နောက်တမျိုးကြေညာ လိုက်၊နောက်တမျိုးအနိုင်ကျင့်လိုက်လုပ်နေဦးမှာပါပဲ။ ကလလတ ရယ်၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရယ် တော်လှန်ရေးထဲပါလာတာကြည့်ဗျာ။ ဘာကြောင့်ဖြစ်စေ ပန်းဝင်ခါနီး တော်လှန်ရေးကို မျက်ခြည်ပြတ်လို့ မရဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article