ဆားလင်းကြီးမြို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ဆားလင်းကြီးမြို့ ဆေးရုံးအနီး၊ ဈေးအနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဘန်ကာများကို တော်လှန်ရေးများက အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီး လက်နက်ငယ်များ ၊ ၄၀ မမ ၊ Drone များဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ ၊ မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force PDF ၊ Monywa Underground Force-MUGF ၊ Salingyi Revolution Army-SRA ၊ Special Guerrilla Force Monywa ၊ Black Tiger Attacks Force နှင့် ဒေါင်းရာဇာပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
