32 C
Yangon

ဆားလင်းကြီးမြို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်

Must read

ဆားလင်းကြီးမြို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်‌‌ရေး တပ်မတော်တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်‌နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ဆားလင်းကြီးမြို့ ဆေးရုံးအနီး၊ ဈေးအနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဘန်ကာများကို တော်လှန်ရေးများက အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီး လက်နက်ငယ်များ ၊ ၄၀ မမ ၊ Drone များဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်‌‌ရေး တပ်မတော်တပ်ရင်း ၄ ၊ မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force PDF ၊ Monywa Underground Force-MUGF ၊ Salingyi Revolution Army-SRA ၊ Special Guerrilla Force Monywa ၊ Black Tiger Attacks Force နှင့် ဒေါင်းရာဇာပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article