29 C
Yangon

ဆားလင်းကြီးမြိုနယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်တပ်သင်္ဘော ၁ စီးကို အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ ၏ ဖလက်ခွန်သင်္ဘောတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောထိမှန်ခဲ့ပြီး သင်္ဘောပေါ်ပါ စစ်ဗိုလ် တစ်ဦး မေးရိုးထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force – ပြောက်ကျားတပ်ဖွဲမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်က ဆင်ဖြူရှင်တံတားမှ ကံကြီးကုန်းကျေးရွာ ပျူစောထီးစခန်းသို ရိက္ခာဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ် ဖက်လက်ခွန် သင်္ဘော တစ်စီးကို ကံကြီးကုန်းပျူရွာအနီးအရောက် လက် နက်ကြီး၊ ရော့ကတ်၊ လက်နက်ငယ်များ ဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဖလက်ခွန်သင်္ဘောကို ထိမှန်ခဲ့ပြီး မီးခိုးအူထွက်သွားကာ သင်္ဘောပေါ်ပါ စစ်ဗိုလ်တစ်ဦး မေးရိုးထိမှန်ပြင်းထန်ဒဏ်ရာနှင့် အခြားစစ်ကောင်စီတပ်ဖွဲဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲဒီဖလက်ခွန်က ပြည်သူ့ ဖလက်ခွန်ကို ချောဆွဲလာတာ၊ စစ်ခွေး အင်အားက ၃၀ ကျော်၊ ၄၀ လောက်ပါမယ်၊ ခွေးကုန်းပျူရွာကနေ ရိက္ခာဆင်းသယ်တော့ လက်နက်ကြီးရော၊ ရော့ကတ်ရော ထု ခဲ့ သေးတယ်၊ ပွဲက တော်တော်ကြာတယ်၊ သင်္ဘောကတော့ မီးခိုးတလူလူဖြစ်သွားတယ်၊ လက်နက်ကြီးက ၂ ချက်မှန်တယ်၊ ရော့ကတ် ၇ လုံးမှာ တစ်လုံးမှန်တယ်၊ ကံကြီးကုန်းမှာ ရိက္ခာချပြီးတော့ ဆင်ဖြူရှင်တံတားကို မပြန်ဘဲ မုံရွာဘက်ကို မြစ်ကြောင်းအတိုင်း ဆန်တက်သွားတယ်ဗျ၊ မေးရိုးထိမှန်တဲ့ ဗိုလ်နဲ့ ဒဏ်ရာရတဲ့ သူတွေကို မုံရွာသယ်သွားတာထင်တယ်၊ သေ၊ မသေ နောက်ဆက်တွဲသတင်းတော့ မကြားရသေးဘူး” ဟု Royal Tiger Force – ပြောက်ကျားတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force – ပြောက်ကျားတပ်ဖွဲနှင့် မုံရွာခရိုင် တပ်ရင်း ၁၂ လျှပ်စီး တပ်ခွဲတို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မုံရွာဘက်သို ဆက်လက် ဆန်တက်လာသော အကြမ်းဖက်စစ်သင်္ဘောကို အမြင့်ရဲစခန်းနှင့် မုံ ရွာမြိုကြား ချင်းတွင်းမြစ်ကြောင်း တနေရာ၌ ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း BNRA စေတန်တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကံကြီးကုန်းပျူစောထီးရွာကို ရိက္ခာများ ချပြီးနောက် အမြင့်ရဲစခန်းကို ဆက်လက်ဆိုက်ကပ်ကာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို တင်ဆောင်ပြီး မုံရွာမြိုဘက်သို ဆက်လက်ထွက်ခွာလာစဉ် BNRA စေတန်တပ်ခွဲမှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၈ ဦး ခြေပြတ်လက်ပြတ်ဖြစ်ကာ ၁၅ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကံကြီးကုန်းပျူရွာကို ကပ်တယ်၊ ပြီးတော့ အမြင့်ရဲစခန်းကို တစ်ခါကပ်တယ်၊ အဲဒီကနေ ဆက်တက် လာတဲ့ချိန်မှာ ကျနော်တိုတပ်ဖွဲက ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ ၇ ဦးသေတယ်၊၈ ဦးကတော့ ခြေပြတ် လက် ပြတ်နဲ့ ၁၅ ကောင်ကတော့ ဒဏ်ရာတယ်လိုသိရတယ်၊ သေတဲ့သူတွေကို နမခ တပ်က ကွင်း ထဲမှာ မီးရှိသင်္ဂြိုလ်တယ်၊ အဲဒီဖလက်ခွန်ကိုလည်း ကမ်းပေါ်ကို တင်လိုက်ရတယ်ဆိုပြီး သတင်းတိတိ ကျကျ ရထားပါတယ်” ဟု BNRA စေတန်တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို ပြောကြားသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်များက စစ်သင်္ဘောတစ်စီးကို တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်များက စစ်သင်္ဘောတစ်စီးကို တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article