ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး(ခ) မနှင်းမေအောင်ကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ပြီ ဟု သတင်းများထွက်ပေါ်နေကြောင်း မနိုဘယ်အေး၏ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ ပဲခူးမြို့အဝင်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တစ် ခုတွင် မနိုဘယ်အေး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရချိန်မှစ၍ ယနေ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးလျက် ရှိကာ စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ပြီဆိုသော သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
“နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေးကို တရားရုံးရမန် ရယူပြီးခါမှ သတ်ဖြတ်လိုက်ပြီလို့ သတင်းတွေ ထွက်နေတယ်။ အတည်ပြုချက်ရယူရန် ဆက်သွယ်စုံစမ်းခဲ့ပေမယ့် ဖမ်းဆီးခံရတဲ့ ၂၀၂၄ ဇန်နဝါရီ ၂၉ ရက် ညနေကနေ ဒီနေ့အထိ အသက်ရှင်လျက် ရှိ၊ မရှိ သိခွင့်မရသေးပါဘူး။ လူ့အခွင့် အရေးအရ နိုင်ငံသားအခွင့်အရေးအရ အမျိုးသမီးတစ်ဦး အနေနဲ့ ဆုံးရှုံးနစ်နာနေပါတယ်။” ဟု ဖမ်းဆီးခံရသူ မနိုဘယ်အေး၏ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
မနိုဘယ်အေးသည် ၁၉၉၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ် နိုင်ငံရေး အမှုများဖြင့် ဖမ်းဆီးထောင် ချခံခဲ့ရသော နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်ကြောင်း၊ စစ်တပ်က မနိုဘယ်အေးကို ဖမ်းဆီးရာတွင် လက်နက်များနှင့်အတူ ဖမ်းဆီးရရှိသည်ဟု ဝါဒဖြန့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
“အရင်ကလည်း ပဲခူးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ယခင်ပြည်ထဲရေးဒု၀န်ကြီး ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ ညီလည်းဖြစ်သူ ကိုစိုးမိုးလှိုင် (ခေါ်) ကိုမဲ ဆိုသူလည်း စစ်တပ်က လက် လွတ်စပယ် သတ်ဖြတ်ခဲ့တဲ့သာဓက ရှိခဲ့ဖူးတယ်၊ အဲဒါကြောင့် လက်ရှိမှာလည်း နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေးကို ပစ် ခတ်သတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် မိသားစု အပါအ၀င်နိုင်ငံရေး အ သိုင်းအဝိုင်းအားလုံးက စိုးရိမ်နေကြတယ်” ဟု ဖမ်းဆီးခံရသူ မနိုဘယ်အေး ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
