27.6 C
Yangon

ပခုက္ကူမြို့တွင် လုံခြုံရေး ဂိတ်ဆောက်လုပ်ရန် တပ်စွဲထားသော စစ်တပ်နှင့် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ပေါက်လမ်းပိုင်းတွင် ဂိတ်ဆောက်လုပ်ရန် ပြင်ဆင်နေသော စစ်တပ်နှင့် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Pakokku People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပခုက္ကမြို့နယ် ပခုက္ကူ-ပေါက်လမ်းပိုင်း မင်းနန်တောလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ဆောက်ရန်ကြိုးစား နေသော အကြမ်းဖက် စစ်ကောင်စီ တပ်ကို Fix Wings လေယာဉ်ငယ်များဖြင့် ဗုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကမ္မတပ်ပေါင်းစု၊ မြိုင်ပကဖ နှင့် Pakokku People Defense Force (PPDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဂိတ်ဆောက်ဖို့က အခုမှ ကြိုးစားနေတာ၊ အဲဒါကို ဗုံးကျဲတိုက်ခိုက်ခဲ့တာ၊ စစ်ကြောင်းကတော့ ကြာပြီလှည့်နေတာ၊ အခုက ကန်နီပျူရွာကနေ ကုန်းရွာကို ဝင်သွားတယ်၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးပါဘူး၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Pakokku People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်က မြိုင်မြို့နယ်၊ အရှေ့ဘက် ပုသိမ်- မုံရွာလမ်း ပေါ်တွင် ကန်နီပျူရွာမှ ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို Fix Wings လေယာဉ်ငယ်များ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို People Defense Force (PPDF) နှင့်အတူ မဟာမိတ်အဖွဲ့များမှ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article