30 C
Yangon

လှိုင်သာယာမြို့နယ် အနောက်ပိုင်းတွင် ယခုနံနက်ပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွား

Must read

လှိုင်သာယာမြို့နယ် အနောက်ပိုင်းတွင် ယခုနံနက်ပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုု့နယ်၊ အနောက်ပိုင်းတွင် ယနေ့ နံနက်အစောပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၅၂ မိနစ်တစ်ကြိမ်၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ဒုတိယအကြိမ်၊ နံနက် ၅ နာရီ ၁၅ မိနစ်တွင် တတိယအကြိမ်၊ နံနက် ၅ နာရီ ၂၂ မိနစ်တွင် ၄ ကြိမ်မြောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများသည် အင်အားအလွန်ပြင်းထန်ပြီး အသံအလွန်ကျယ်လောင်ကြောင်း သိရှိရသည်။

“နေရာ အတိအကျတော့ မသိပေမယ့် လှိုင် သာ ယာရုံးရှေ့နဲ့မြို့နယ်ခန်းမဘက်က ပေါက်ကွဲမှုအသံတွေက လာတာ။ အင်အားပြင်းတယ်။ အရမ်းကျယ်တယ် အသံက ၊ ဗုံးတွေက မိနစ်ပိုင်းပဲခြားပြီး တအုန်းအုန်းကွဲတာ။ လူထိခိုက်မှုရှိလား၊ အပျက်အစီးဘယ်လောက်ရှိလဲ အဲဒါတွေတော့ မသိပါဘူး” ဟု လှိုင်သာယာ မီးခွက်စျေးအနီး နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လှိုင်သာယာမြို့နယ်တွင် ယခုနံနက်အစောပိုင်း ဗုံးများပေါက်ကွဲကြောင်း လှိုင်သာယာမှ ဒေသပြည်သူ ၂၀ ဦးထက်မနည်းကလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုထားကြသည်။

“လှိုင်သာယာ ၉ ရပ်ကွက် ဘားအံလမ်း တပ်သားစုဆောင်းရေးရုံးရှေ့မှာလည်း ဗုံးပေါက်တယ်။ အခုဘားအံလမ်းကို လမ်းတွေပိတ်ထားတယ်” ဟု အခြား လှိုင်သာယာဒေပြည်သူတစ်ဦးကရှင်းပြသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်ဟု လတ်တလော ပြည်သူများက ယူဆနေကြသော လှိုင်သာယာမြို့နယ်ခန်းမသည် အကြမ်းဖက်စစ်တပ်က တပ်စွဲထားသော နေရာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်ကာလ ပြည်သူလူထုကို အကြမ်းဖက် စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article