25 C
Yangon

မန္တလေး ပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ်လုပ်ရန် လူသောင်းချီ၍ တိုးဝှေ့ကြရာမှ လူအုပ်ပိ၍ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ ဦး ခြေထောက်ကျိုး

Must read

စစ်မှုမထမ်းမနေရ စစ်ကောင်စီက ကြေညာပြီးနောက် နေ့စဉ် လူသောင်းချီ၍ နိုင်ငံကူးလက်မှတ်လုပ်ရန် တိုးဝှေ့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် လူသောင်းချီ တိုးဝှေ့ကြရာမှ အမျိုးသမီး ၂ ဦး လူပိ၍ သေဆုံးကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် နေ့စဉ် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂၀၀ ဝန်းကျင်သာ လျှောက်လွှာတင်ခွင့်ပြုကြောင်း၊ ထို့ကြောင့် ည ၁၂ နာရီဝန်းကျင်မှစတင်၍ နိုင်ငံကူးလက်မှတ်ရုံးရှေ့တွင် လူအုပ် သောင်းချီ၍ ညအိပ်စောင့်ဆိုင်းကြပြီး တန်းစီကြကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၂၅ မိနစ်အချိန်တွင် လူအုပ်က တိုးဝှေ့ တန်းစီကြခြင်းဖြင့် အမျိုးသမီး ၂ ဦး လူအုပ်ပိ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မန္တလေး ပတ်စ်ပို့ရုံးက တစ်ရက်ကို လျှောက်လွှာတင်တဲ့ လူ ၂၀၀ ပဲ နိုင်ငံကူးလက်မှတ်ပေးလုပ်တာ။ အဲဒါကို ည ၁၂ နာရီကတည်းက တန်းစီနေကြတာ။ လူအရေအတွက် သောင်းချီတယ်။ အပြည့်ပဲ။ အဲဒီမှာ တန်းစီကြရင်းနဲ့ လူအုပ်ကြီး ပြေးလွှားကြရင်း လူတွေ ပိကုန်ကြတာ။ အဲဒီမှာက QR စနစ်မရှိဘူး။ ဘိုကင်စနစ်လည်းမရှိဘူး။ တန်းစီစနစ်။ ရှေးဆုံးက တန်းစီနိုင်တဲ့သူတွေကို နိုင်ငံကူးလက်မှတ်ရုံးထဲ ခေါ်ပြီး လုပ်ပေးတယ်။ ရဲတွေက သူတို့ ခေါ်ချင်တဲ့ အရေအတွက် ခေါ်ပြီး ရပ်လိုက်ပြီဆိုရင် တန်းစီနေတဲ့ လူအုပ်သောင်းချီက ပြန်ရတာပဲ။ နောက်ကျလူတွ အကုန်ပြန်ပဲ။ လာတန်းတဲ့သူတွေကသောင်းချီနေတော့ ရှေ့ဆုံးရောက်ဖို့ အကုန်တိုးဝေ့ ပြေးလွှားရင်းနဲ့ အခုလိုဖြစ်ကုန်တာ” ဟု ကိုယ်တိုင် နိုင်ငံကူးလက်မှတ်တန်းစီခဲ့သူက ရှင်းပြသည်။

ယနေ့ နံနက် ၂ နာရီ ၃၅ အချိန် နိုင်ငံကူးလက်မှတ်ရုံးတွင် လူအုပ်ပိ၍ သေဆုံးခဲ့သူ အမျိုးသမီး ၂ ဦးမှာ အသက် ၅၂ ှနှစ်အရွယ်ဒေါ်ခင်မျိုးအေး နှင့် အသက် ၃၉ နှစ် မခိုင်ဝေ တို့ဖြစ်ပြီး မန္တလေးမြို့ ညောင်ကွဲးအကွက်မှ ဖြစ်ကြောင်း၊ သေဆုံးသူ ၂ ဦးမှာ အသက်ရှုကြပ်၍ သေဆုံးခြင်းဖြစ်ကြောင်း၊ မဌေးဌေးဝင်း ဆိုသော အမျိုးသမီးမှာမူ လူအုပ်ပိ၍ ခြေထောက်ကျိုး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မန္တလေး နိုင်ငံကူးလက်မှတ်ရုံးတွင် ည ၁၂ နာရီမှစတင်၍ နေရာတန်းစီရန်အတွက် ပွဲစားများက ငွေကျပ် သိန်းချီ၍ တန်းစီခိုင်းမှုများလည်းရှိကြောင်း သိရှိရသည်။

“နိုင်ငံကူးလက်မှတ်ရုံးရှေ့မှာ ပိုက်ဆံလိုချင်တဲ့ နေရာပွဲစားတွေလည်း အများကြီး လာတန်းစီကြတယ်။ ရှေ့ဆုံးနေရာကို ငွေကျပ် ၇ သိန်းနဲ့ ၈ သိန်းအထိ ပေါက်တယ်။ သူတို့က နေရာဦးပေးထားပြီး ပိုက်ဆံပေးရင် အဲဒီနေရာကိုဖယ်ပေးတာ” ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေကို ကြေညာပြီးနောက် မန္တလေးတွင်လည်း လူငယ်များနှင့် ပြည်သူများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားသည့်အနေဖြင့် နိုင်ငံကူးလက်မှတ်များ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article