27 C
Yangon

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေ ဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Ba Htoo Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထားဝယ်မြို့မှတဆင့် ထားဝယ် – ထီးခီးလမ်းအတိုင်း သင်္ကန်းတုံးကျေး ရွာဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် ရိက္ခာတင်ကား ၁၇ စီးပါ စစ်ယာဉ် တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သင်္ကန်းတုံးကျေးရွာ အရောက် ကြားဖြတ်တိုက် ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စနိုက်ပါဖြင့် ထိမှန်မှုကြောင့် အကြမ်း ဖက်စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခွေးစစ်ကြောင်းက ထားဝယ်ကနေ ထီးခီးဖက် တက်မယ်ထင်တယ်၊ ကားတွေကတော့ ရိက္ခာ တွေရော၊ ခွေးတွေရော အပြည့်ပါတယ်ဗျ၊ တိုက်ပွဲကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာ၊ လက်ရှိခွေးစစ်ကြောင်းက သင်္ကန်းတုန်းရွာမှာပဲရှိသေးတယ်၊ ရှေ့ ဆက်တိုးမလာသေးဘူး” ဟု Ba Htoo Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA) ၊ ထားဝယ်စုပေါင်းစစ်ကြောင်း(DCC) နှင့် Dawei Defense Team – DTT တပ်ခွဲ ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်တင်ကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ် တိုက် ခိုက် ချေမှုန်းသွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိသတိဖြင့် သွားလာ နေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေးထုတ်ပြန်ထားသည့် ထုတ်ပြန် ချက်များကို လေးစားလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များဖြစ်သော ပျူစောထီးများ၊ ပြည်သူ့စစ်များနှင့် စစ် ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျရှုံးနေပြီဖြစ် သော အကြမ်းဖက်စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင်ထံအမြန်ဆုံးခိုလှုံဝင်ရောက်ကြရန် ဗထူး တပ်မတော်က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article