27 C
Yangon

မုံရွာတွင် နိုင်ငံကူးလက်မှတ် အမြန်လုပ်ပေါက်စျေး ငွေကျပ် ၁၄ သိန်းကျော်အထိ စျေးတက်လာ၊ ရဲနှင့်ပွဲစားများပေါင်း၍ လာဘ်ပေးလာဘ်ယူမှု အလွန်ကြီးမားနေ

Must read

စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီး မုံရွာတွင်လည်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ ကြိတ်ကြိတ်တိုးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နိုင်ငံကူးလက်မှတ် အမြန်လုပ် ပေါက်စျေး ငွေကျပ် ၁၄ သိန်းကျော်အထိ ပေါက်စျေးရှိနေပြီး ရဲများနှင့် ပွဲစားများ ပူးပေါင်းကာ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်သော လာဘ်ပေးလာဘ်ယူမှုများ အလွန်ကြီးမားစွာဖြစ်ပေါ် နေကြောင်း စုံစမ်းသိရှိရသည်။

မုံရွာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပတ်စ်ပို့လျှောက်ထားရန် နေ့စဉ် လာရောက်တန်းစီသူများ များပြားနေကြောင်း၊ သို့ရာတွင် ရဲများက ပုံမှန်အတိုင်း လာရောက်၍ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကို တုံကင် ၃၀ ဝန်းကျင်သာပေးပြီး ကျန်သူများကို တုံကင် ကုန်သွားပြီဟုဆိုကာ ပြန်လွှတ်ကြောင်း၊ ရဲများနှင့်ချိတ်ဆက်ထားသော ပွဲစားများမှတစ်ဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားလျှင် အဆင်ပြေပြီး ငွေကြေးကုန်ကျမှု အလွန်များကြောင်း သိရှိရသည်။

“မုံရွာပတ်စပို့ရုံးမှာ ရုံးသွင်း ငွေ ၃၅၀၀၀ ကျပ်သာကျသင့်တာကို အပြင်မှာ ပေါက်စျေးက ၁၄ သိန်းကျော်အထိဖြစ်လာတယ်။ ရုံးတွင်းအကျင့်ပျက်ရဲတွေနဲ့ ပွဲစားတွေနဲ့ ပွဲတော်ကြီးလိုပဲ ချနေကြတာ။ အခု ကိုရီးယားအလုပ် စာမေးပွဲတွေကလည်း နီးလာတော့ မုံရွာပတ်စပို့ရုံးမှာ အမှုစစ် ရဲအုပ်သိန်းသန်းဌေး၊ တပ်ကြပ်ကြီးသိန်းစိုး၊ တပ်ကြပ်ကြီးဇာနည်တို့က တုံကင် တစ်နေ့ ၁၃၀ ပေးနေရာကနေ ၃၀ လောက်ပဲ ပေးတော့တယ်။ တုံကင်ကုန်ပြီပေါ့ အဲဒီလိုတွေ လုပ်တယ်။ အဆင်မပြေတော့ ပွဲစားနဲ့လုပ်မှ အဆင်ပြေတယ်။ ရဲနဲ့ပွဲစားချိတ်ပြီး အလုပ်တွေဖြစ်နေကြတာ” ဟု နိုင်ငံကူးလက်မှတ် ကိုယ်တိုင် ပြုလုပ်နေသူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် မုံရွာမြို့ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် ပုံမှန်အတိုင်း နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုလျှင် အလွန်ခက်ခဲပြီး ပွဲစားများနှင့် လုပ်မည်ဆိုပါက ငွေကြေး အကုန်အကျများသော်လည်း အလွန်မြန်ဆန်ကြောင်း ၊ စစ်မှု မထမ်းမနေရ ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ ကြိတ်ကြိတ်တိုးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ယမန်နှစ် စက်တင် ဘာလ တန်းစီနေကြသည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ယမန်နှစ် စက်တင် ဘာလ တန်းစီနေကြသည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article