27 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– အကြမ်းဖက် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ကြေညာပြီးတဲ့နောက်ပိုင်း မန္တလေးမြို့က ပတ်စ်ပို့ရုံးမှာ နိုင်ငံကူးလက်မှတ်လုပ်ဖို့ လူသောင်းနဲ့ချှီပြီး တိုးဝှေ့နေကြရာကနေ ဒီကနေ့ မနက်ပိုင်း မှာပဲ လူအုပ်ပိပြီး အမျိုးသမီး ၂ ဦးသေဆုံးသွားတဲ့အပြင် ၁ ဦး ခြေထောက်ကျိုးသွားတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ရန်ကုန်ကနေ ကျောက်ဖြူကို လေယာဉ်ခရီးစဉ်တဲ့ ရောက်လာတဲ့ ခရီးသည်တွေ အားလုံးကို အကြမ်းဖက် စစ်တပ်က ခေါ်ယူစစ် ဆေးပြီး မြို့ခံမ ဟုတ်တဲ့သူတွေကို ပြန်လည် ထွက်ခွာခိုင်းနေပြီး ၊ ကျောကါဖြူ မြို့ခံဆိုရင်တောင် သန်းခေါင်စာရင်းပြပြီးမှ လာရောက်ခေါ်ဆောင်ဖို့ စစ်တပ်က ခိုင်းစေထားတယ်လို့ မြို့နေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့ကို စစ်တပ်က ပြန်လည် တိုက်ခိုက်တဲ့အချိန် ပြည်သူ ၁၀၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အသက် မပြည့်သေးသူ မိန်းကလေးငယ် ၃ ဦး အပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article