27 C
Yangon

မံစီမြို့နယ်ရှိ စစ်အင်အား ၂၀၀ ကျော်ရှိသော စစ်ကောင်စီ၏ စီခမ်းကြီးစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၂ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ “စီခမ်းကြီးစခန်း”ကို KIA ၊ PDF၊ AA မဟာမိတ်တပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင် စီက အဆိုပါ စစ်တပ် စခန်းမကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူများ တောက်လျှောက်သုံးကာ ခုခံကာကွယ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် အဆိုပါစခန်းကို KIA ၊ KPDF နှင့် AA တို့ပါဝင်သော မဟာမိတ်တပ်များက သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“ရန်သူ့လေကြောင်းပစ်ကူကြားမှ စီခမ်းကြီး(Je Hkam) စခန်းကို ဒီနေ့ နံနက် ၁၁ နာရီမှာ KIA၊ KPDF ၊AA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီ။ ဟိုတလော မံဝိန်းကြီးက ထွက်ပြေးတဲ့ စစ်ခွေးတွေလည်း အဲဒီစခန်းမှာ စုကြပြီး ၁၂၃ တပ်ရင်း၊ ၁၂၁ တပ်ရင်းတွေလည်း စုကြတာ။ စီခန်းကြီးမှာ စစ်ခွေးအင်အားက ၂၀၀ ကျော်နေတာ။ ရန်သူ့ဘက်က ထိခိုက်သေဆုံး ရာဂဏန်းဝန်းကျင်ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးစခန်းကို KIA နှင့်မဟာမိတ်များက တိုက်ခိုက်စဉ် ဖေဖော်ဝါ ရီလ ၁၇ ရက်နေ့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံးပြီး အရပ်သား ၃၀ ကျော် ထိခိုက်ဒဏ်ရာရ ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article