27 C
Yangon

တောင်တွင်းကြီးရှိ ဆိုင်ခန်းများရှေ့တွင် စစ်မှု ထမ်းရေး ပြည်သူများ မစိုးရိမ်ကြရန်နှင့် သတင်းမီဒီယာများ၏ သတင်းများ မယုံကြရေး ဝါဒဖြန့် ဗီနိုင်းဆိုင်းဘုတ်ကြီးများ စိုက်ထူကြရန် စစ်တပ်က ဖိအားပေး ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ဆိုင်ခန်းများ ရှေ့တွင် စစ်မှု ထမ်းရေး ပြည်သူများ မစိုးရိမ်ကြရန်နှင့် သတင်းမီဒီယာများ၏ သတင်းများ မယုံကြရေး ဗီနိုင်းဆိုင်းဘုတ်ကြီးများ စိုက်ထူကြရန် စစ်တပ်က ဖိအား ပေး ခြိမ်းခြောက်နေကြောင်း ဆိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ချောင်နက်အရှေ့၊ နေပြည်တော် -တောင်ညို လမ်းဘေးတွင်ရှိသည့် ဆိုင်ခန်းများတွင် စစ်ကောင်စီ၏ ဝါဒဖြန့် လက်ကမ်းစာစောင်ပါ စာသားများကို ဗီနိုင်းအဖြစ် စိုက်ထူကြရန် ဖိအားပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းဖို့ ပြည်သူတွေ မစိုးရိမ်သင့်ဘူး။ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအတုတွေ မယုံသင့်ဘူးဆိုတဲ့ စစ်တပ်ရဲ့ ဝါဒဖြန့် စာသားတွေပါတဲ့ လက်ကမ်းကြော်ငြာကို ဗီနိုင်းဆိုင်းဘုတ် အလျာား ၄ ပေ x အနံ ၃ ပေ ထုတ်ပြီး ဆိုင်ရှေ့မှာ စိုက်ထူရမယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ရမှာ။ ဗီနိုင်း ၂ ခု စိုက်ထူရမယ်။ ဆိုင်းဘုတ် မထူတဲ့ ဆိုင်တွေကို အရေးယူမယ်လို့ စစ်တပ်က ခြိမ်းခြောက်တယ်” ဟု ဆိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ဗီနိုင်း ထုတ်မည်ဆိုလျှင် အလျား ၄ ပေနှင့် အနံ ၃ ပေ ဗီနိုင်းတစ်ခု ၁၀၈၀၀ ကျပ်ခန့်ကုန်ကျပြီး ၂ ခုဆိုလျှင် ၂၁၆၀၀ ကျပ် ကုန်ကျကြောင်း၊ စစ်တပ်က ဆိုင်ရှင်များကို အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက် လုပ်ခိုင်းနေသဖြင့် ဆိုင်ပိုင်ရှင်များ စိတ်ညစ်နေကြရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် ပြည်သူများ စစ်မှုထမ်းရေး မစိုးရိမ်ကြရန်၊ သတင်းမီဒီယာများ၏ သတင်းများကို မယုံကြရန် လက်ကမ်းကြော်ငြာများကို ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက ပြည်သူများကို ဝါဒဖြန့် စာရွက်များ ဖြန့်ဝေနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက ပြည်သူများကို ဝါဒဖြန့် စာရွက်များ ဖြန့်ဝေနေစဉ်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article