27 C
Yangon

မင်းလှမြိုနယ်၊ ခါချဉ်တောင်သို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၄ ကြိမ်တိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံးပြီး PDF တစ်ဦးကျဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ခါချဥ်တောင်ပေါ်သို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၄ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြော ကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ပဲခူးတိုင်း၊ မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်သို အင်အား ၄၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အ ကြမ်းဖက်စစ်ကြောင်းကို ၄၈ ပေါက် ဖုတ်တက်ကြီးအဆင်းအရောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးပြီး ၇ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် စစ်ကူလာသည့် အင်အား ၂၅ ဦး ပါ ဖောကားကို ဟိုင်းယုလမ်းဆုံနှင့် ပျဥ်းကတိုးခင်းကြားအရောက် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ က ၄၀ မမများဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုပြင် ယမန်နေ့ ညနေ ၃ နာရီခန့်အချိန် ခါချဥ်တောင်ပေါ်သို ထပ်မံ၍ စစ်ကူတက်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပက်ကွေ့ကြီးအဆင်းအရောက် ထပ်မံ စောင့်ကြို၍ မိုင်းဆွဲခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တစ်ဖန် ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင်လည်း ခါချဥ်တောင်ပေါ်သို ဟိုင်းယုလမ်းဆုံမှ စစ်ကူ ထပ်မံ တက်လာသော အ ကြမ်း ဖက်စစ်တပ်၏ အင်အား ၃၅ ဦးစစ်ကြောင်းကို ရှောက်ပင်ချောင်းအနီး စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မနက် ၁၀ နာရီမှာ အရင်ဆုံးခြေလျင်တက်လာတဲ့ စစ်ခွေးတွေကို စောင့်ပြီးမိုင်းဆွဲတာ၊ အဲဒီကောင် တွေအထိနာပြီးတော့ အလောင်းလာသယ်တဲ့ကားကို ၄၀ မမနဲ့ ၃ ချက်ဆော်တာ ထပ်သေတယ်၊‌ နောက်ထပ် အဲဒီကားက စစ်ခွေးအသေတွေကို လာကောက်တဲ့စစ်ကြောင်းကို ထပ်မိုင်းဆွဲ၊ ရှေ့က သေတဲ့ အလောင်းတွေ လာကောက်တဲ့ စစ်ခွေး ၃၀ နဲ့ မိုးချုပ်ခါနီးမှာ ၁ နာရီကျော်ကျော် တိုက်ပွဲ ထပ်ဖြစ်တယ်၊ ခွေးသေအလောင်းဘာကောက်တဲ့ကားကိုတော့ မိုးချုပ်လို လွှတ်ပေးလိုက်တယ်၊ စစ်ခွေး သေတွေ ပုပ်စော်နံမှာ စိုးလို၊ မနေ့ စစ်ခွေးတွေ ဒဏ်ရာရတဲ့သူတွေရော၊ သေတဲ့သူတွေရော တပ်ပျက်နေတာ၊ တိုက်ပွဲဖြစ်နေတဲ့အချိန် စစ်ခွေး ၅ ဦး သေနတ်ယူထွက်ပြေးတယ် ပြောတယ်၊” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ပွဲ ၄ ကြိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာ ရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တစ်ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အ သက်ပေးလှူခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများမှာ အင်အားလုံးအလုံးအရင်းဖြင့် ဆက်လက် စစ် ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် ပဲခူး ရိုးမအတွင်း သွားလာခြင်းမပြုကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတိပေးထားသည်။

ဓာတ်ပုံ- တိုက်ပွဲဖြစ်ပွားသော ပဲခူးရိုးမ၊ ခါချည်တောင် လမ်းပိုင်းနေရာတချို။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article