27 C
Yangon

ရေဦးနှင့် တန့်ဆည်အစပ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး နေ၍ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ရေဦးမြိုနယ်နှင့် တန့်ဆည်မြိုနယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ် ရာ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန် အကြမ်းဖက် စစ်တပ်က ရေဦးနှင့် တန့်ဆည်အစပ်ရှိ ရွာသာယာရွာနှင့် ရတနာရွာ အနီးကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုး နေသောကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြိုနယ် နှင့် တန့်ဆည်မြိုအစပ်ရှိ ဖလံဂုဏ်၊ ကန်ပေါက်၊ စည်သာမြေ၊ ပန်းကုံး၊ ဗိုလ်ရုံ၊ ဆပ်သေ၊ အင်တော၊ တူမောင်း၊ ဝက်သဲ၊ မင်းမောင်းကုန်း၊ ရွာထောင်ရွာ၊ ရွာသာယာ၊ ရတနာ၊ ချောင်းရိုး၊ ထန်းတော၊ သပြေပင်၊ ရွာကျဲ၊ ဂွေးမှော်ကုန်းနှင့် ကုန်းရိုး စသည့် ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ရေဦးနယ်နဲ့ တန့်ဆည်နယ် အစပ်မှာရှိတဲ့ ရွာသာယာ နဲ့ ရတနာရွာ အနီးကို နမခ က တက်လာတဲ့ Mi-35 နဲ့ လေ ကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ ထိခိုက်မှု အခြေအနေကတော့ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပါဘူး။ ပြည်သူတွေလည်း ဒီနေ့မနက် ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေကြရတယ်။ မနေ့ညက ရေဦးနယ် အနောက်မြောက်ဘက်ခြမ်း တူမောင်းရွာမှာ ခွေးတွေကတပ်စွဲခဲ့တယ်။ ဒီနေ့ မနက် တူမောင်းရွာကနေ တန့်ဆည်နယ် ရွာသာယာနဲ့ ရတနာရွာဘက်ကို ထွက်သွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တန့်ဆည်မြိုနယ် အတွင်းရှိ ရွာသာယာရွာနှင့် ရတနာရွာ ဘက်ကို ရောက်ရှိနေပြီး မည်သည့် နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article