28 C
Yangon

စစ်ကောင်စီက စစ်ဘေးရှောင် ပြည်သူများ၏ ကားတန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အကြမ်းဖက်စစ်ကောင်စီက စစ်ဘေးရှောင် ပြည်သူများ၏ ကားတန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းတို ပြုလုပ်ရာ ပြည်သူ ၇ ဦးသေဆုံးကြောင်း PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ယမန်နေ့ နံနက် ၆ နာရီခန့်အချိန် ဆီဆိုင်မြိုသို ပစ္စည်းပြန်သယ်ရန် ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူ လူထု ၏ကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပြည်သူလူထု ၇ ဦးသေဆုံးခဲ့ရကြောင်း၊ ပစ္စည်းသယ်ရန်ပြန်လာသည့် ပြည်သူများ၏ ကားတန်းသည် ဆီဆိုင်မြိုနှင့် တဆက်တစပ်တည်းတည်ရှိသည့် ဝါးတောရွာအနီးအရောက်တွင် စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၇ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်ရသူများလည်း ရှိကြောင်း၊ စစ်ကောင်စီက အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ဘေးရှောင် ပြည်သူတွေရဲ့ကားတန်းမှာ အလံဖြူလည်း ထောင်ထားတယ်။ အဲဒါကို တမင်သက်သက်ကြီး ပစ်ခတ်လို အခုလို ပြည်သူတွေ သေဆုံးတာဖြစ်ပါတယ်။ ပြည်သူတွေကလည်း မြိုမှာ အေးချမ်းပြီဆိုတဲ့သတင်းတွေကြောင့် ပြန်ကြတာ။ အဲဒီမှာ စစ်တပ်ရဲ့ ပစ်ခတ်မှု ခံရတာပါ” ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်သူများအနေဖြင့်လည်း အွန်လိုင်းပေါ်မှ သတင်းအမှားများ အခြေအမြစ်မရှိသည့် သတင်းများကို ယုံကြည်ပြီး မြိုအတွင်းရှိ နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းများ မပြုလုပ်ကြရန် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် သတိပေးထားသည်။

ထိုပြင် စစ်ကောင်စီက ယမန်နေ့ ဆိုက်ခေါင်အရှေ့ဘက်ရှိ နေရာများကို လေယာဉ်၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဟိုပုံးမြိုနယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၆၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article