ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စကခ ၁၉ ဌာနချုပ် တပ်ရင်းအတွင်း အရာရှိအိမ်ရာကို Fixed Winds Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရေးမြို့နယ်၊ အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၁၉ ဌာနချုပ်တပ်ရင်းအတွင်းရှိ အရာရှိအိမ်ယာကို Fixed Wing Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ ပစ်မှတ်အား ထိမှန်ပေါက်ကွဲခဲ့ပြီး လူနာတင်ယာဥ်တစ်စီးဖြင့် လာရောက်သယ်ထုတ်သွားကြောင်း သိရှိရကြောင်း၊ ထိခိုက်သေဆုံးမှုအတိအကျသိရှိနိုင်ရန် စုံးစမ်းထောက်လှမ်းဆဲဖြစ်ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းနှင့်အတူ ရေးပြောက်ကျားတပ် (ဒေါနတပ်ခွဲ – ၃) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲပြီးနောက် လေယာဉ်ပြန်ဆုတ်ခွာရာတွင် စစ်ကောင်စီ၏ စကခ ၁၉ တပ်ရင်းဌာနချုပ်အတွင်းနှင့် ခလရ ၆၁ တပ်ရင်းမှ ပြန်လည်ပစ်ခတ်မှုကြောင့် လေယာဉ် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ဆင်ရေး မလုပ်ဆောင်မီနှင့် လုပ်ဆောင်ပြီးချိန် တွင် လက်နက်ကြီးများဖြင့် တနေလုံး အချက်ရေ ၅၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar