30 C
Yangon

စစ်တပ်က ရမ်းဗြဲမြို့ကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲတိုက်ခိုက်မှု ဆေးရုံ၊ စျေး၊ သီလရှင်ကျောင်းနှင့် လူနေအဆောက်အဦးများ ပျက်စီး

Must read

ပလက်၀တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူတူစ်ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချတိုက်ခိုက်သဖြင့် ဆေးရုံ၊ စျေး ၊ သီလရှင်ကျောင်းနှင့် လူနေအဆောက်အဦးများ ပျက်စီးကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးက ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးများ လာရောက်ကျဲချခဲ့ကြောင်း၊ ယနေ့ကျဲချသော စစ်ကောင်စီ၏ဖျက်အားပြင်းဗုံးသည် ယခင်ရက်များတွင် ကျဲချသော ဗုံးနှင့်မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ ၁၀၀ ကျော်ခန့်အထိတက်ခဲ့ကြောင်း၊ ထိုသို့ဖျက်အားပြင်းဗုံးများဖြင့် ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်များသို့လည်း ၂ ကြိမ်တိုင် လာရောက်ပစ်ချခဲ့သဖြင့် လူနေအဆောက်အဦးများ၊ ဈေးနှင့် ဆေးရုံတို့ ပိုမိုပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီ၏ဂျက်ဖိုက်တာက ဗုံး ၃ ကြိမ်တိုင်ကြဲချခဲ့မှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် ၃ အင်းတောင်ရပ်ကွက်မှ သီလရှင်ကျောင်း ၁ ဆောင်မှာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များရှိ ၎င်းတို့၏တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများသာ ပြုလုပ်နေခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့နယ်၊ ကင်းတောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့ကို မီးလောင်ပြာကျရန် အလယ်စုရပ်ကွက်ရှိ လူနေအိမ်များအား ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ထို့ကြောင့် ပုဏ္ဏားကျွန်း၊ အလယ်စု ရပ်ကွက်တစ်ခုလုံးမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီအချိန် စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းကို နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ ၂ ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article