27 C
Yangon

ရန်ကုန်၊ ကြည့်မြင်တိုင်တွင် “ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား” ပိုစတာနှင့် PDF အလံ လွှင့်ထူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် “ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား” ပိုစတာနှင့် PDF အလံ လွှင့်ထူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်း သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၁ရက်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြိုနယ်တစ်နေရာတွင် Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တို့ ပူးပေါင်းပြီး “ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား” ဘန်နာချိတ်ဆွဲပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFအလံတော်ကို လွှင့်ထူကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခြားတစ်ပါးကို ရှောင်ထွက်ပြီး ကိုယ်လွတ်ရုန်းသွားလည်း မလွတ်နိုင်တဲ့အခြေနေမှာ ပြည်သူအားလုံးကို ကျွန်တော်တို့ နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ အလံတော်အောက်မှာ ခုခံတွန်းလှန် တိုက်ပွဲဝင်ကြဖို ဖိတ်ခေါ်လိုက်ပါတယ်။ တော်လှန်ရေးအင်အားစုအားလုံးကလည်း ပြည်သူနှင့်အတူရှိနေပြီး ကျွန်တော်တိုနဲ့အတူ ရုန်းထွက်ကြဖို တိုက်တွန်းအားပေးပါရစေ။ တက်စုံဖွင့် ရွက်ကုန်လွှင့်ရင်း၊ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ရင်း အတူတိုက်ပွဲဝင်ကြပါစို့။ “လာပါ ငါတို့အတူ ရုန်းမယ်”။ အရေးတော်ပုံ အောင်ကို အောင်ရမည်”ဟု တော်လှန်ရေးအဖွဲ့က တိုက်တွန်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article