27 C
Yangon

ဟိုပုံးမြိုနယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြိုနယ်တွင် PNLA စစ်ကြောင်းနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ စစ်သားနှင့်ပြည်သူ့စစ် ၅ ဦးသေဆုံးပြီး သေနတ် ၄ လက်ရရှိကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဟိုပုံးမြိုနယ် တစ်နေရာတွင် လုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ကြောင်းကို စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များက လာရောက်တိုက်ခိုက်သဖြင့် ယမန်နေ့ နံနက် ၁၁နာရီ မှ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းနောက် PNLA က နယ် မြေရှင်းလင်းရာ စစ်သားနှင့်လက်အောက်ခံ ပြည်သူ့စစ် အလောင်း ၅ လောင်း ကျန်ရှိခဲ့ပြီး ခဲယမ်း ကျည်ဆံများအပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပင် စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များက မဲနယ်တောင်ဒေသကို လက်နက်ကြီး ၅၇ ကြိမ်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို တိုက်ခိုက်မှုကြောင့် ကျောက္ကဆျာႏကျေးရွာမှ နေအိမ် ၁ လုံး လုံး၀ ပျက်စီးခဲ့ပြီး အခြား နေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်မှုရှိခဲ့ကြောင်း၊ စစ်တပ်က နေ့စဉ် ကျေးရွာများအတွင်းသို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးနေလျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့တွင် စစ်ကောင်စီနှင့် အပေါင်းအပါပြည်သူ့စစ်များသည် ဟိုပုံးမြိုဘက်မှနေပြီး ထမ်းဆန်းဂူဒေသအနီးတဝိုက်ကိုလည်း လက်နက်ကြီးများဖြင့် အကြိမ် ကြိမ် တမင်သက်သက် ပစ်ခတ်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ နေရာ များတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲဝင်များ တည်ရှိသည့်နေရာမဟုတ်သလို တပ်စွဲထားခြင်းလည်းမရှိကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲဝင်များအနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲများထံသို ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်း ကြောင်း ပေါ်သို ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဖြစ်ကြောင်း PNLA သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article