25.5 C
Yangon

တန့်ဆည်၊ ကံထူးမ ရဲစခန်းကို တော်လှန်ရေး တပ်များက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ မရပ်မနား လုပ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝံါရီ ၂၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ ကံထူးမရွာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲများ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် ကျေးရွာအတွင်း အကြိမ် ၂၀ ခန့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် အစောပိုင်းတွင် ကံထူးမရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းနောက် ရဲစခန်းကို မီးရှိရှင်းလင်းခဲ့ပြီး အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်းဖြင့် အကြိမ် ၂၀ ခန့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သိမ်းတာတော့ သိမ်းနိုင်တယ်။ လက်ရှိ လေကြောင်းက ရွာထဲရော ကျဲနေလို သေချာ မသိရသေးတာပါ။ ပကာကျေးရွာကို ဗုံးကျဲသွားတာ ပြည်သူ ၂ ဦး စိုးရိမ်ရတယ်။ အပျက်အစီး စာရင်း သေချာ မသိရသေးပါဘူး။ နံနက် ၃ နာရီ ခွဲ လောက်ထဲကနေ အခုချိန်ထိ လေယာဉ်တွေ ဝဲနေတုန်း ဗုံးအလုံးရေ ၂၀ နီးပါးရှိပြီ ကံထူးမကျေးရွာ တ၀ိုက်ကို ကျဲနေတာ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုပြင် မြေပြင်မှလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ကံထူးမကျေးရွာ အနီးကို ရောက်ရှိနေပြီး ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင့်း တန့်ဆည်၊ ကံထူးမရဲစခန်း မီးလောင်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ နံနက်ပိုင့်း တန့်ဆည်၊ ကံထူးမရဲစခန်း မီးလောင်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article