ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၉ ၊ ခလရ ၆၁ ၊ ခရိုင်ရုံးနှင့် ရေး တံတား ကြီးဂိတ် တို့ရှိ စစ်ကောင်စီတပ်သားများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်အခြေစိုက် ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရေးမြို့နယ်တောင်ပိုင်း နှင့် ပြည်ထောင်စုလမ်းမအား စိုးမိုးနိုင်ရေး အ တွက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၉ လက်အောက်ခံ တပ်များဖြစ်သည့် ခလရ ၆၁ ၊ ရေးတံ တား ကြီးဂိတ်၊ စကခ ၁၉ နှင့် စကခ ၁၉ အရှေ့ရှိ ခရိုင်ရုံးတို့ကို ဒေါနတပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့၊ ဒေါန စစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF ဒေါနတပ်ခွဲ ၃ ၊ ဒေါနတပ်ခွဲ ၄ KBDF၊ မွန်ပြည်နယ် အခြေ ပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ဒေါနတပ်ခွဲ ၅ ၊ ဒေါနတပ်ခွဲ ၇ DDT တပ်ခွဲ ၃ ၊ YDF တပ်ဖွဲ့ ၊ ရေး သိမ်းငှက်အဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF တပ်ရင်း ၁ ၊ YAF အဖွဲ့များ ပူးပေါင်း၍ Drone များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း တို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့သို့ တိုက်ခိုက်မှုအတွင်း ရေးတံတားကြီးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ရဲ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ခလရ ၆၁ အတွင်း တိုက်ခိုက်မှုတွင်လည်း ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ် ကောင်စီ တပ်သားများကို မီနီဘတ်စ်ကား ဖြင့် သယ်ထုတ်သွားကြောင်း၊ သေဆုံးဒဏ်ရာရရှိသူ အရေ အ တွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် စကခ ၁၉ ရှေ့ရှိ ခရိုင်ရုံးအတွင်း ဗုံးကျဲတိုက်ခိုက်စဉ် ရုံးအတွင်း ဗိုလ်ချုပ်အဆင့်အပါအဝင် အရာရှိ ၆ ဦး နှင့် ဝန်ထမ်းများရှိနေခဲ့ကြောင်း၊ စကခ ၁၉ ဌာနချုပ် အတွင်းသို့ လက်နက်ကြီးများ ပစ် ခတ် ခြင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း၊ ဒရုန်းတစ်စီး ပျက်စီး ဆုံးရှုံးခဲ့ ကာ အကြမ်းဖက်စစ် ကောင်စီတပ် သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။
ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ အတွင်းသို့ ၈၁ မမ၊ ၆၀ မမ၊ ၁၂၀ မမ ဟောင်ဝှစ်ဇာလက်နက်ကြီများဖြင့် ပစ်ခတ်မှုများစွာလုပ် ဆောင်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးများသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ရဲ ၂ ဦးသေတာပဲ အတည်ပြုနိုင်သေးတယ်၊ နောက်ဆွဲတော့ အတည်ပြုမရသေးဘူး၊ စုံစမ်းနေတုန်း ပဲ၊ စစ်ခွေးတွေက တော်လှန်ရေးအဖွဲ့တွေရှိတဲ့ဘက်ကို မပစ်ပဲ ရွာတွေထဲကို သီးသန့်ပစ်တာဗျ၊ ကျေး ရွာထဲကို ပစ်တာဆိုတော့ အနည်းနဲ့အများ ထိခိုက်ပျက်စီးမှုတော့ ရှိနိုင်တယ်၊ ပြည်သူတွေ ထိခိုက်မှုရှိ တယ်လို့တော့ မကြားရသေးဘူး၊ ကျနော်တို့ ရဲဘော်တွေ အားလုံးကတော့ ဘေးကင်းပါ တယ်။” ဟု ရေဖြူမြို့နယ်အခြေစိုက် ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
