27 C
Yangon

တန့်ဆည်၊ ကံထူးမ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြီး လက်နက်ခဲယမ်းများရရှိ၊ စစ်တပ်က လေကြောင်းဖြင့် ကံထူးမရွာနှင့် ပကာရွာကို ဗုံးကျဲမှုကြောင့် ပြည်သူ ၁၁ ဦး ထိခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ ကံထူးမ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် ကံထူးမ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲများ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စခန်းကို မီးရှိရှင်းလင်းခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးသူ များပြားပြီး စစ်ကောင်စီတပ်ဖွဲဝင်တချို ထွက်ပြေးသွားကြကြောင်း၊ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိကြောင်း သိရှီရသည်။

“ကံထူးမစခန်းမှာက အင်အား ၄၀ ကျော်လောက်ရှိမယ်။ အဲဒီမှာပြေးသူ ပြေး ၊ သေသူသေနဲ့ အရေအတွက်တော့ အတိအကျ မသိရသေးဘူး။ လက်နက်ခဲယမ်းတွေလည်းရတယ်။ စခန်းကိုလည်း မီးရှိခဲ့တယ်။ လေယာဉ်နဲ့ တစ်ချိန်လုံးပစ်နေတာ အခုထက်ထိ ဗုံးတွေကျဲနေတုန်း။ မြေပြင်မှာလည်း စစ်ကြောင်းစစ်ကူတိုးလာနေတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုပြင်စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ ကံထူးမ ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ကံထူးမရွာနှင့် ပကာရွာကို တစ်နေကုန် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ကံထူးမရွာနှင့် ပကာရွာကို တစ်နေကုန် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

“ကံထူးမ ရဲစခန်းကို နံနက် ၃ နာရီ ၃၀ ကျော်က ဝင်တိုက်တယ်။ စခန်းတစ်ခုလုံး အကုန်သိမ်းပြီး မီးရှိနိုင်ခဲ့တယ်။ စခန်းသိမ်းတာကြောင့် အကြမ်းဖက် စစ်ကောင်စီက ကံထူးမစံပြ ကျေးရွာပေါ်နဲ့ အနီးတစ်ဝှိက် ၊ ပကာကျေးရွာ ဆေးခန်း တစ်ဝိုက်ကို တစ်နေကုန် နီးပါး ဂျက်ဖိုက်တာ ၊ Y12 ၊ Mi 35 တိုက်ခိုက်ရေးလေယာဉ် အမျိုးမျိုးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ပကာရွာ ဆေးပေးခန်း အနီးမှာရှိတဲ့ ပြည်သူ ၁၁ ဦး နီးပါး ထိခိုက်ဒဏ်ရာရပြီး ၁၁ ဦးထဲက၂ ဦး စိုးရိမ်ရတယ်။ နေအိမ် အဆောက်အဦးနဲ့ အခြား ဆုံးရှုးမှု အခြေအနေကတော့ စိစစ်ဆဲပါပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိတွေ့ တိုက်ပွဲများအတွင်း တော်လှန်ရေး ရဲဘော်များ ထိခိုက် ကျဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article