25 C
Yangon

ကျွန်းစုမြို့နယ်တွင် ၁၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံး၊ နွားထိုးကြီးမြို့နယ်၊ ရွာသားအေးကျေးရွာအနီး ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

Must read

ကျွန်းစုမြို့နယ်တွင် ၁၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံး၊ နွားထိုးကြီးမြို့နယ်၊ ရွာသားအေးကျေးရွာအနီး ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ၁၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာနှင့် ရတောင်ကျေးရွာတွင်ရှိသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း-၂ နှင့်အတူ တနင်္သာရီ-ပကဖ၊ ကျွန်းစု-ပကဖ တို့မှ ပူးပေါင်း သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် နှစ်ပတ် နီးပါးအထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ၁၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ သည် မြိတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ၂၊ တနင်္သာရီ ​ပကဖ၊ ကျွန်းစု ပကဖ၊ ပုလော ပကဖ နှင့် Dragon squad တို့ဖြစ် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနိုင်သောကြောင့် ကျွန်းစုမြို့နယ်အတွင်း ပြည်သူများအနေဖြင့် အသွားအလာ အထူးဂရုစိုက်ကြရန်နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ သတိပေးထုတ်ပြန်ချက်များ တိုက်ပွဲသတင်းများကို အမြဲမပြတ်‌ စောင့်ကြည့် နားထောင်ကြပါရန် မေတ္တာရပ်ခံကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား များ ပစ်ခတ်ခံရပြီး ၁ ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၄ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ သုံးတောင်ကျေးရွာမှ ဆိုင် ကယ် ၄ စီးဖြင့် ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရွာသာအေးကျေး ရွာအရောက် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article