29.7 C
Yangon

ကနီတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး နေအိမ်နှင့် စစ်ရှောင်တဲများကို ဆက်တိုက်မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂ သောင်းကျော် ဆက်လက် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရန်ကုန်၊ မေ ၁၉

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး နေအိမ်နှင့် စစ်ရှောင်တဲများကို ဆက်တိုက်မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ သောင်းကျော် ဆက်လက် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး ကနီမြို့နယ်အတွင်း ယနေ့ မေလ ၁၉ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ၂၂ ရက်ကြာ စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းကြောင့် ရွာပေါင်း ၂၈ ခုမှ ပြည်သူ ၂၄၆၈၉ ဦးသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အချိန်ကြာမြင့်လားသောကြောင့် စားနိပ်ရိက္ခာများ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကကျေးရွာများကို စစ်ကြောင်းထိုးစဉ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ နေအိမ် ၂၀ ခန့်နှင့် စစ်ရှောင်တဲ ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ်တွင်းရှိ ကျေးရွာ ၃၁ ခုနှင့် ကနီမြို့ပေါ် ၁ ၊ ၂ ၊ ၃ ရပ်ကွက်များမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူသွားပြီး ၎င်းတို့ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့ ၊ ရေလယ်ကျွန်း ပျူစောထီးစခန်း ၊ ချောင်းမရွာနှင့်များ အနီး သွားလာလှုပ်ရှားနေပြီး မုံရွာ-ယာကြီး-ကလေးဝကားလမ်းပိုင်းနှင့် ချောင်းမ-ကနီလမ်းပိုင်းတွင်လည်း စစ်ရေးလှုပ်ရှားနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ကနီနယ်ထဲမှာ စစ်ခွေးစစ်ကြောင်းက ရှိနေတုန်းဆိုတော့ ပြည်သူတွေလည်း ဆက်လက် တိမ်းရှောင်နေရတုန်းပါပဲ အခုစစ်ရှောင်လာရတဲ့ အချိန်ကြာလာတော့ ပြည်သူတွေလည်း စားနိပ်ရိက္ခာလိုအပ်လာပါတယ်။ စစ်ရှောင်ပြည်သူကလည်း သောင်းနဲ့ချီပြီးရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article